28 C
Yangon

ကလေးမြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာ ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

Must read

ကလေးမြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာ ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော နေရာ ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Wings of Kalay အဖွဲ့ထံမှ သိရသည်။

ဧပြီလ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က အထိုင်ချ တပ်စွဲထားသော ကလေးတက္ကသိုလ်ဝင်း အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ ဧပြီလ ၂၁ ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချထားသော ကလေးမြို့အစွန်ရှိ စစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဗုံးသီး ၅ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှု ၂ ခုလုံးကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ (Wings of Kalay Drone Team)နှင့်အတူ ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Kalay Revolution Force (KRF) ကလေး ဒေသ တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article