28 C
Yangon

ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာရှီ စစ်ကောင်စီ၏ ခမရ ၁၁၆ စခန်းကို KIA က အပြီးသတ်သိမ်းပိုက်ရရှိ၊ စစ်ကောင်စီတပ်သားများ ထွက်ပြေး

Must read

ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာရှီ စစ်ကောင်စီ၏ ခမရ ၁၁၆ စခန်းကို KIA က အပြီးသတ်သိမ်းပိုက်ရရှိ၊ စစ်ကောင်စီတပ်သားများ ထွက်ပြေး

ရန်ကုန်၊ ဧပြီ ၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၁၁၆ တပ်စခန်းကို KIA က အပြီးသတ်သိမ်းပိုက်ရရှိကြောင်း KIA မြေပြင် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့မှစတင်ပြီး ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၁၁၆ စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ ယနေ့ ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့က စစ်တပ်နဲ့ ရှမ်းနီတပ်တွေ ဆယ်ဇင်းဘုန်းကြီးကျောင်းကို ဝင်လာတာကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေက တိုက် ခိုက်တာမှာ အကုန်ရှင်းလင်းနိုင်ခဲ့တယ်။ ထွက်ပြေးတဲ့သူတွေလည်းများတယ်။ အခု ဒီမနက်ပိုင်းမှာတော့ ဆယ်ဇင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ ၁၁၆ စခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ပါတယ်။ ဧပြီလ ၉ ရက်နေ့ကနေ ဧပြီလ ၂၄ ရက်နေ့အထိ စုစုပေါင်း ၁၅ ရက်တိတိ တိုက်ခိုက်ပြီးမှ သိမ်းပိုက်နိုင်တာဖြစ်ပါတယ်။ နားလိုက် တိုက်လိုက် လုပ်ခဲ့တာမှာ နောက်ဆုံးမှာ သိမ်းပိုက်နိုင်တာဖြစ်တယ်။ အဲဒီစခန်းကနေ စစ်သားတွေလည်း ထွက်ပြေးကြတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

KIA သိမ်းပိုက်ရရှိသော ဆယ်ဇင်းကျေးရွာ စစ်ကောင်စီ၏ ခမရ ၁၁၆ တပ်စခန်းကို နယ်မြေရှင်းလင်းနေပြီး စစ်သားများ သေဆုံးမှုနှင့် လက်နက် သိမ်း ဆည်းရရှိမှုကို စိစစ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ဖားကန့်-တာမခန်-ဆယ်ဇင်းလမ်းတစ်လျှောက်လုံးတွင် စစ်ကောင်စီတပ်များမရှိတော့ဘဲ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက နယ်မြေကို ၁၀၀ ရာခိုင်နှုန်း စိုးမိုးနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article