28 C
Yangon

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သော စစ်ကောင်စီတပ်သားများကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမှုအတွက် စစ်ကောင်စီကလည်း အကျဉ်းချထားသည့် ဘင်္ဂလားဒေ့ရှ် ၁၇၃ ဦးကို ထောင်မှ ပြန်လွှတ်ပေးပြီး ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့ပေး

Must read

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သော စစ်ကောင်စီတပ်သားများကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမှုအတွက် စစ်ကောင်စီကလည်း အကျဉ်းချထားသည့် ဘင်္ဂလားဒေ့ရှ် ၁၇၃ ဦးကို ထောင်မှ ပြန်လွှတ်ပေးပြီး ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့ပေး

ရန်ကုန်၊ ဧပြီ ၂၄

ဘင်္ဂလားဒေ့ရှ်ထွက်ပြေးသော စစ်ကောင်စီတပ်သားများကို မြန်မာနိုင်ငံသို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည်ပေးပို့မှုအတွက် စစ်ကောင်စီကလည်း အကျဉ်းချထားသည့် ဘင်္ဂလားဒေ့ရှ် ၁၇၃ ဦးကို ထောင်မှ ပြန်လွှတ်ပေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ပေးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်မှလာသော သတင်းများအရ သိရှိရသည်။

ဧပြီလ ၂၄ ရက်နေ့ တွင် မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးကို စစ်ကောင်စီက ချင်းတွင်းအမည်ရ စစ်သင်္ဘောဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း၊ အဆိုပါ စစ်သင်္ဘောသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ပို့ဆောင်ပြီး အပြန်ခရီးတွင် ဘင်္ဂလားဒေ့ရှ်ရောက်ရှိ ထွက်ပြေးခဲ့ကြသည့် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၄ ဦးကို ပြန်လည် ခေါ်ဆောင်လာမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာစစ်ကောင်စီက ပြန်လည်ပို့ဆောင်လိုက်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးတွင် ကော့ဘဇားခရိုင်မှ ၁၂၉ ဦး၊ ဘန်ဒါဘန်ခရိုင်မှ ၃၀ ဦး၊ Rangamati ခရိုင်မှ ၇ ဦး၊ Khagrachari၊ Noakhali၊ Narayanganj၊ Chattogram၊ Rajbari၊ Narshingdi နှင့် Nilphamari ခရိုင်မှ ၁ ဦးစီတို့ ဖြစ်ကြောင်း၊ စစ်တွေအကျဉ်းထောင်မှ အကျဉ်းချခံနေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄၄ ဦးနှင့် အမှုရင်ဆိုင်နေဆဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၉ ဦးတို့ကို အကြမ်းဖက်စစ်ကောင်စီက ပြန်လည် လွှတ်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ မြန်မာနိုင်ငံမှ ဒုတိယအသုတ်အဖြစ် ထွက်ပြေးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် စုစုပေါင်း ၂၇၄ ဦး ရှိနေပြီဖြစ်ကြောင်း ၊ ယခုနှစ်ဆန်းပိုင်း ပထမအသုတ်အဖြစ် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် ၃၃၀ ဦး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြပြီး ၎င်းတို့အားလုံးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ဘင်္ဂလားဒေရှ်အစိုးရက ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article