34 C
Yangon

ကလေးမြို့နယ် ယောက်ချိုကွင်းရွာကို စစ်တပ်က ဝင်ရောက်တပ်စွဲပြီး ပြည်သူပိုင်နေအိမ်များကို နေ့စဉ် မီးရှို့ဖျက်ဆီး

Must read

ကလေးမြို့နယ် ယောက်ချိုကွင်းရွာကို စစ်တပ်က ဝင်ရောက်တပ်စွဲပြီး ပြည်သူပိုင်နေအိမ်များကို နေ့စဉ် မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၂၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ယောက်ချိုကွင်းရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်တပ်စွဲကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဧပြီလ ၂၀ ရက်နေ့မှ စတင်၍ အကြမ်းဖက်စစ်တပ်က ကလေးမြို့နယ်၊ ယောက်ချိုကွင်းရွာထဲသို့ ဝင်ရောက်တပ်စွဲနေခြင်း ဖြစ်ပြီး ပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“အခုက ဘယ်သူမှ ရွာထဲ ဝင်လို့မရဘူး ဒီကောင်တွေက ရှိတော့ ။ ယောက်ချိုကွင်းရွာ အကုန်လုံးနီးပါး ပုန်းနေရတယ်။ မီးခိုးငွေ့မြင်တာနဲ့ စစ်ခွေးတွေက လှမပစ်တယ်။ ဒီခွေးသူတောင်းစားတွေက ရွာကလည်း မထွက်ဘူးဆိုတော့ အောက်လမ်းကနေ ကလေးဘက်ကို ကူးကြတာပေါ့”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က ယောက်ချိုကွင်းမှ အိမ်ခြေ ၃ ပုံ ၂ ပုံခန့်ကို မီးရှို့ ဖျက်ဆီးထားကြောင်း ဒေသပြည်သူများက ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article