28 C
Yangon

မြင်းခြံမြို့နယ်၊ ကြည်ရွာရှိ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးပြီး ၅ ဦးအရှင်မိ၊ စစ်သင်္ဘော ၂ စီးနှင့် စစ်တပ်က တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

မြင်းခြံမြို့နယ်၊ ကြည်ရွာရှိ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးပြီး ၅ ဦးအရှင်မိ၊ စစ်သင်္ဘော ၂ စီးနှင့် စစ်တပ်က တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၄

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကြည်ရွာရှိ စစ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးပြီး ၅ ဦးအရှင် ဖမ်းမိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်းအမှတ် ၂ (MGN-Tiger) ထံမှ သိရသည်။

ဧပြီလ ၂၀ ရက်နေ့တွင် မြင်းခြံမြို့နယ် မြောက်ဘက်၊ ဧရာဝတီ မြစ်ကမ်းဘေးရှိ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၆ဝ ခန့် အထိုင်ချ တပ်စွဲထားသော ကြည်ရွာကို မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်းနှင့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲသည် အချိန် ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၁၅ ဦးသေဆုံးကာ ၅ ဦးအရှင် ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ယင်းစခန်းကို တော်လှန်ရေး ရဲဘော်များက ရှင်းလင်းရေး ပြုလုပ်နေစဉ် ဆီမီးခုံရေနက်ဆိပ်ကမ်းမှ စစ်သင်္ဘောနှင့် တပ်ကူများ ရောက် လာသောကြောင့် ပြန်လည်ဆုတ်ခွာ ခဲ့ရကြောင်း သိရှိရသည်။

ယင်း တိုက်ပွဲတွင် မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်းမှ စစ်ဆင်ရေး အရာရှိ ရဲဘော် အာကာမင်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ရဲဘော် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်ထံမှ ၆ဝ မမ အထိုင်ပြောင်း ၁ လက် ၊ ၆ဝ မမ ဗုံးသီး ၉ လုံး၊ MA 3 ၂ လက်၊ ၅.၅၆ ကျည် ၁၂၅ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၂၀ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မြင်းခြံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အထိုင်တပ်ရင်းဖြစ်သော ခမရ ၁၅၊

ဆီမီးခုံ ရေနက်ဆိပ်ကမ်းရှိ စစ်သင်္ဘော ၂ စီးနှင့် စစ်တပ် အထိုင်သော ရုံး၊ ဆီမီးခုံမြို့ပေါ်ရှိ စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် ပစ်ခတ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် ဘက်မှ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း (PDF – Taloke, MGN Tiger, Myingyan Ranger, MGN 21) ၊ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း၊ Burmese Guerrilla Force – BGF (Myingyan) ၊ Myingyan District Drone Strike (အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့)၊ CDSOM 001 ဒရုန်းတပ်ဖွဲ့ ၊ MP9 ၊ Myingyan Danger Dynamite နှင့် မိုင်းဇာနည် အဖွဲ့တို့ပ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article