30 C
Yangon

ကလေးမြို့ စစ်တပ်ဂိတ်စခန်းကို ဒရုန်းနဲ့ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

Must read

ကလေးမြို့ စစ်တပ်ဂိတ်စခန်းကို ဒရုန်းနဲ့ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

ရန်ကုန်၊ဧပြီ ၂၃

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ဘက် တစ်မိုင်ဝန်းကျင်အကွာ၊ ကလေး- ဂန့်ဂေါ လမ်းမကြီးဘေးက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို ဧပြီ ၂၁ ရက်နေ့က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကလေးခရိုင် ပြည်သူကာကွယ်ရေး Drone တပ်ဖွဲ့ – Wings of Kalay Drone Team က ထုတ်ပြန်ပြောဆိုပါတယ်။

အဲဒီနေ့က မြို့ထဲက ပြည်သူတွေအိမ်မီးလောင်ရင် မသွားတဲ့မီးသတ်ကားတွေ အဲ့ဒီအဖွဲ့စက်ဂိတ်ဘက်ကိုသွားတာ ဆူညံနေတာပဲ။ အဖွဲ့စက်ဂိတ်နားမီးလောင်တာလို့သိရတယ်။ ဒရုန်းကချတဲ့ဟာနဲ့ ဘေးနားကအမှိုက်ပုံမီးလောင်တာဖြစ်မယ်” လို့ ကလေးမြို့ဒေသခံတစ်ဦးကပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် စစ်အုပ်စုဘက်မှ ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရတယ်လို့ Wings of Kalay Drone Team က ထုတ်ပြန်ပါတယ်။

ဧပြီ ၂၂ ရက်နေ့ကလည်း ကလေးတက္ကသိုလ်အတွင်း စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုကို မောင်းသူမဲ့ ဒရုန်း အသုံးပြုပြီး ဗုံးသီး လေးလုံးချ တိုက်ခိုက်ခဲ့တယ်လို့ သိရပြီး တက္ကသိုလ်ဝင်းအတွင်းမှာတပ်ဆင်ထားတဲ့ လက်နက်ကြီး ၂ လက်ထိခိုက်ပျက်စီးနိုင်တယ်လို့သတင်းရင်းမြစ်ဆီကသိရပါတယ်။

ဒီ တိုက်ခိုက်မှုကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ – Wings of Kalay Drone Team နဲ့ အတူ ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Kalay Revolution Force (KRF) ကလေးဒေသ တော်လှန်ရေးတပ် တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article