34 C
Yangon

ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ တပ်စွဲထားသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံး၊ မုံရွာမြို့နယ်ရှိ သာစည်ရဲစခန်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ တပ်စွဲထားသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံး၊ မုံရွာမြို့နယ်ရှိ သာစည်ရဲစခန်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၄

စစ်ကိုင်းတိုင်း၊ ‌ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ ၇ ရက်ကြာ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ဧပြီလ ၂၃ ရက်နေ့ ည ၁၁ နာရီ ၈ မိနစ်ခန့်မှ ဧပြီလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ထိ ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ ၇ ရက်ကြာ တပ်စွဲထားသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ရွှေဘိုမြို့ ခမရ ၁၁ မှ စစ်ဗိုလ် ၁ ဦးအပါအဝင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ တာဝန်ခံ၏ ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ် ပကဖ PDO အဖွဲ့နှင့် မြို့နယ် ပကဖ လက်ရုံး Drone တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ရဲစခန်းကို ၄၀ မမ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းရှိ အဆောင်များကို တိုက်ရိုက်ထိမှန်ခဲ့ကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် -ADPRA တပ်ဖွဲ့ထံမှ သိရသည်။

ဧပြီလ ၂၂ ရက် ည ၇ နာရီ မိနစ် ၃၀ အချိန်ခန့်က မုံရွာမြို့နယ်၊ သာစည်ရဲစခန်းကို ၄၀ မမ ဗုံးသီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းရှိ အဆောင်များကို တိုက်ရိုက်ထိမှန်ခဲ့ပြီး စစ်ကောင်စီ တပ်သားထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ပြန်လည် ပတ်ခတ်တိုကြ်ခိုက်မှုရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်-ADPRA နှင့် မဟာမိတ်များ ဖြစ်ကြသော ရေဦး ပ.က.ဖ ဖီးနစ်တပ်ခွဲ နှင့် ရေဦး ပ.က.ဖ Galaxy Force တို့ ပူးပေါင်း ဖော်ဆောင်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article