28 C
Yangon

ကျောက်ကြီးမြို့နယ်အတွင်း စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရ

Must read

ကျောက်ကြီးမြို့နယ်အတွင်း စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၄

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဧပြီလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၆ ကြိမ် တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး ၉ လုံး ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၂ ဦး သေဆုံးကာ ၉ ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များ၊ စာသင်ကျောင်း နှင့် ဘုန်းကြီးကျောင်းတို့ပါ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ပြည်သူ ၂ ဦးမှာ အသက် ၅၅ နှစ်အရွယ် ဒေါ်စန်း နှင့် အသက် ၄၆ နှစ်အရွယ် ဒေါ်ကေသီထွန်း တို့ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသော ပြည်သူ ၉ ဦးမှာ ဒေါ်ပုချို အသက် (၅၆) နှစ်၊ မောင်ခိုင်ထွန်းဦး အသက် (၂၅) နှစ်၊ နော်နန်းထွေး၊ ညားနော်ဂေ အသက် (၆၆) နှစ်၊ ဒေါ်တူးတူးဖိုး အသက် (၆၅) နှစ်၊ မောင်အောင်ကောင်းမာန် အသက် (၁၄) နှစ်၊ စောစိုင်းထက်ဦး အသက် (၁) နှစ်၊ မောင်ထက်ချိုအောင် အသက် (၁၇) နှစ်နှင့် စောသန်းပြည့်ဇော် အသက် (၆) လ တို့ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဧပြီလ ၂၂ နှင့် ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၈ မိနစ်ခန့်တွင် ပိန်းဇလုပ် အခြေစိုက် ခလရ- ၂၆၄ တပ်ရင်းက ဟောင်ဝှစ်ဇာလက်နက်ကြီး ၁၅၅ မမဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့ရာ ဘုရားကြီးရွာနှင့် ဘောကထာကျေးရွာ ဘက်ကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အင်ဗလာနှင့် သံဆိပ် အကြားကို အကြမ်းဖက် စစ်တပ်က ၆၀ မမ လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်ခဲ့ခြင်းကြောင်း သိရသည်။

ဧပြီလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၂၁ ခန့်တွင်လည် အကြမ်းဖက် စစ်တပ်က Jet Fighter လေယာဉ် ၁ စီးဖြင့် ဘောကထာ ကျေးရွာကို ဗုံးသီး ၁ လုံး ပစ်ချ တိုက်ိခုက်ခဲ့ပြီး အော်လီဂန်းဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article