30 C
Yangon

သင်္ဃန်းညီနောင် ခမရ ၃၅၅၊ ၃၅၆ ၊ ၃၅၇ နှင့် ဗျူဟာကုန်းနေရာများကို KNLA တပ်များကသာ စိုးမိုးထားပြီး စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်နေဟု ဝါဒဖြန့်နေ

Must read

သင်္ဃန်းညီနောင် ခမရ ၃၅၅၊ ၃၅၆ ၊ ၃၅၇ နှင့် ဗျူဟာကုန်းနေရာများကို KNLA တပ်များကသာ စိုးမိုးထားပြီး စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်နေဟု ဝါဒဖြန့်နေ

ရန်ကုန်၊ ဧပြီ ၂၄

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင် ခမရ ၃၅၅၊ ၃၅၆ ၊ ၃၅၇ နှင့် ဗျူဟာကုန်းစခန်းနေရာများကို KNLA တပ်များကသာ စိုးမိုးနေရာယူထားကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင် ၊ ပြောခွင့်ရ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လတ်တလော KNLA ဦးဆောင်သော ပူးပေါင်းတပ်များအနေဖြင့် မြ၀တီမြို့ ခလရ ၂၇၅ တစ်ခုတည်းကသာ ဆုတ်ခွာပြီး တပ်များ မရှိတော့ခြင်းဖြစ်ပြီး သင်္ဃန်းညီနောင်ကို စိုးမိုးထားကြောင်း ပဒိုစောတောနီးက ရှင်းပြသည်။

“ပိုပြီးရှင်းအောင် ပြောချင်တာက ကျနော်တို့ တပ်တွေအကုန်လုံး သင်္ဃန်းညီနောင် ၃၅၅၊ ၃၅၆၊ ၃၅၇ နဲ့ ဗျူဟာကုန်း ထိန်းထားတယ်နော်။ လက်ရှိ ကျနော်တို့ တပ်တွေပဲ ရှိတယ်။ ကျနော်တို့တပ်တွေ မရှိတာက အဲဒီမြို့ထဲက ၂၇၅ တပ်ပဲ။ အဲဒါအားလုံး သိအောင်ပါ” ဟု ပဒိုစောတောနီးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီကမူ ၎င်းတို့အနေဖြင့် သင်္ဃန်းညီနောင်တွင် နယ်မြေရှင်းလင်း လုပ်ဆောင်နေသည်ဟု စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ဝါဒဖြန့်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“သင်္ဃန်းညီနောင်ဘက်တော့မရောက်ဘူး။ အဲဒီထိပ်နားအထိ ကျနော် ဆိုင်ကယ်နဲ့သွားကြည့်တယ်။ စစ်တပ်ဘက်က အရိပ်အရောင်တော့ မတွေ့ရဘူး။ ခလရ ၂၇၅ ဘက်မှာလည်း ကျနော်တို့ မြင်တာတော့ BGF တွေပဲ အဓိက တွေ့တယ်။ စစ်ခွေးတွေက BGF ဝတ်စုံဝတ်ပြီးနေတာဆိုရင်တော့မသိဘူး။ စစ်ကောင်စီယူနီဖောင်းနဲ့တော့ မမြင်မိဘူး” ဟု မြ၀တီမြို့မှ စစ်ရေး သတင်းရင်းမြစ်က ယနေ့ သွားရောက်လေ့လာခဲ့သည့် အခြေအနေကို ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article