36 C
Yangon

မြောက်ဥက္ကလာပ၊ ရွှေပေါက္ကံနယ်မြေရဲစခန်းကို ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု ရဲ ၂ ဦး အပြင်းအထန်ဒဏ်ရာရ

Must read

မြောက်ဥက္ကလာပ၊ ရွှေပေါက္ကံနယ်မြေရဲစခန်းကို ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု ရဲ ၂ ဦး အပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၅

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်နယ်မြေရဲစခန်းကို ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲ နှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ဥက္ကလာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့ သစ်နယ်မြေရဲစခန်းအတွင်းရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲများ ကင်းပတ်ရန်ထွက်ခွာ လာချိန် ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းခွဲတိုက်ခိုက်ခံရပြီး မိနစ်ပိုင်းအကြာ ရွှေပေါက္ကံတံတားသို့ အကြမ်းဖက်စစ်သားများ ကား ၂ စီးဖြင့် ရောက်ရှိ လာကာ ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှုကို အရှေ့ပိုင်းခရိုင် မြောက်ဥကလာပမြို့နယ် (ပကဖ) ပြည်သူကာ ကွယ် ရေးအဖွဲ့ ၂ မှ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“မနေ့ည ၇ နာရီလောက်မှာ မြောက်ဥက္ကလာရွှေပေါက်ကံတံတားမှာ ရဲနဲ့စစ်သား ၂၀ လောက် ပိတ်ဆို့ စစ်ဆေးတာတွေလုပ်တယ်။ မိုင်းကွဲလို့ စစ်တာလို့သိရတယ်။ ၁ နာရီလောက်စစ်ပြီးတော့ စစ်ဆေးရေးတွေလည်း ပြန်ရုပ်သွားတယ်။ ဖမ်းဆီးရရှိတာတွေဘာတွေတော့ မကြားမိဘူး” ဟု မြောက်ဥက္ကလာမြို့နယ်မှ ကင်းထောက်လူငယ်တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article