36 C
Yangon

စစ်အာဏာသိမ်းထားသည့် မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အဓိကျသည့် အာဆီယံနိုင်ငံများ တွေ့ဆုံဆွေးနွေးကြရန် အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံကို ထိုင်းနိုင်ငံက အဆိုပြု

Must read

စစ်အာဏာသိမ်းထားသည့် မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အဓိကျသည့် အာဆီယံနိုင်ငံများ တွေ့ဆုံဆွေးနွေးကြရန် အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံကို ထိုင်းနိုင်ငံက အဆိုပြု

■ မြန်မာ့အရေး အဖြေရှာရေး အစည်းအဝေးအတွက် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ဆန္ဒရှိနေ

ရန်ကုန်၊ ဧပြီ ၂၅

စစ်အာဏာသိမ်းထားသည့် မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အဓိကျသည့် အာဆီယံနိုင်ငံများ တွေ့ဆုံဆွေးနွေးကြရန် အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံကို ထိုင်းနိုင်ငံက အဆိုပြုတောင်းဆိုထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၂၄ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်ပြောဆိုသည်။

၃ နှစ်ကျော်လာပြီဖြစ်သည့် မြန်မာ့အရေး အကျပ်အတည်းနှင့် ပဋိပက္ခကို ဖြေရှင်းရန်အတွက် မလေးရှား၊ လာအိုနှင့် အင်ဒိုနီးရှားတို့ တွေ့ဆုံဆွေးနွေးကြရန် ထိုင်းနိုင်ငံက အဆိုပြုထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ Nikorndej Balankura က ပြောကြားသည်။

မြန်မာ့အရေး ဖြေရှင်းရေးဆိုင်ရာ အစည်းအဝေးကို ထိုင်းနိုင်ငံတွင် ကျင်းပဖွယ်ရှိနေပြီး မည်သည့်အာဆီယံအဖွဲ့ဝင် နိုင်ငံမဆို တက်ရောက်နိုင်ကြောင်း ၊မြန်မာ့ အကျပ်အတည်း အဆုံးသတ်ရေး ကြိုးပမ်းမည့် အစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် ထိုင်းနိုင်ငံက လက်ခံကျင်းပရန် အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံသို့ ထိုင်းနိုင်ငံက အဆိုပြုထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Nikorndej Balankura ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article