36 C
Yangon

ပြည်မြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ် စုဆောင်းနေသော ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ပြည်မြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ် စုဆောင်းနေသော ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၅

ပဲခူးတိုင်း၊ ပြည်မြို့နယ်နှင့် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်တို့တွင် စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်စုဆောင်းနေသော ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီအချိန် ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဇီးအုပ် အုပ်စု၊ ရွှေမြောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဝင်းကြိုင်ကို ဖောင်းတင်ရွာအနီးတွင် တော်လှန်ရေးရဲဘော်များက ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားသည်။

ကျေးရွာအုပ်ချုပ်​ရေးမှူး ဝင်းကြိုင်သည် စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်များ စုဆောင်းရန် အဓိက လုပ်ဆောင်နေသူဖြစ်ပြီး စစ်မှုထမ်းရန် လူငယ်များကို မဲနှိုက်ခိုင်းခြင်း၊ ပြည်သူများထံမှ စစ်မှုထမ်းမည့် လူငယ်များအား ထောက်ပံ့ရန်ဟုဆိုကာ ငွေကြေး အတင်းအဓမ္မကောက်ခံခြင်းများ လုပ်ဆောင်ကြောင်း၊ မဲပေါက်သည့် လူငယ်များကို စစ်မှုထမ်းရန်ဟုဆိုကာ စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူတချို့က ပြောဆိုသည်။

အလားတူ ဧပြီလ ၂၄ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် ၊အင်္ဂလုံးအုပ်စု၊ ကသစ်ကုန်းကျေးရွာတွင် ရာအိမ်မှူး သိန်းဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊​ သေနတ်သမားက ပစ်ခတ်စဉ် ၀ရုန်းသုန်းကား ထွက်ပြေးကြရမှ အသက် ၁၄ နှစ်အရွယ် ကလေးငယ် တစ်ဦးပါ သေဆုံးသွားခဲ့ကြောင်း၊ အခြားအမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ကသစ်ကုန်းကျေးရွာထဲမှာ အခုတော့ စစ်တပ်နဲ့ ရဲတွေက စစ်ဆေးတာတွေလုပ်နေတယ်။ ဖြစ်တာကတော့ စစ်သားစုဆောင်းရေးအတွက် ရာအိမ်မှူးက ဦးဆောင်လုပ်တာ။ အဲဒါကနေ အပစ်ခံရပြီး သေဆုံးတယ်လို့သိရတယ်။ ဒီကွမ်းခြံကုန်းဘက်မှာလည်း စစ်မှုထမ်းရမယ့် ကိစ္စ လူငယ်တွေ အရမ်းကို မလုပ်ချင်ကြတော့ ပြေးကြတာများတယ်။ အဲဒါကို အုပ်ကြီးတွေနဲ့ ရာအိမ်မှူးတွေက အတင်းအကျပ် လုပ်ကြတော့ အခုလိုတွေဖြစ်လာတာပဲ” ဟု ကသစ်ကုန်းကျေး ရွာနှင့် နီးစပ်သော ကျေးရွာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်လော်ဘီများက ထုတ်ပြန်ထားသည့် ပြည်မြို့နယ်၊ ဇီးအုပ် အုပ်စု၊ ရွှေမြောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဝင်းကြိုင် ပစ်ခတ်ခံရပြီးသေဆုံးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article