38 C
Yangon

သထုံမြို့နယ်နှင့် ဘားအံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်မှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရပြီး ဘုန်းကြီးနှင့် နေအိမ်များ ပျက်စီး

Must read

သထုံမြို့နယ်နှင့် ဘားအံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်မှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရပြီး ဘုန်းကြီးနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဧပြီ ၂၅

မွန်ပြည်နယ် သထုံမြို့နယ်နှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်မှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရပြီး ဘုန်းကြီးနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူ ခရိုင် က ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဓနုကျေးနယ်ရှိ ရွာများထဲသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ မရမ်းကျေးရွာအတွင်း လက်နက်ကြီး ၁ လုံးကျရောက်ပေါက်ကွဲကာ နေအိမ် လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၂ ရက်နေ့ ည ၁၁ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်သည် လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုအထဲမှာ တစ်လုံးသည် မရမ်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ ဦးရာဟု၏ နေအိမ်သည် လက်နက်ကြီး ကျည်စ ထိမှန်ပျက်စီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်သည် ဖားအံမြို့နယ်ရှိ ပြည်သူများ နေထိုင်ရာ ရွာထဲသို Y12 လေယာဉ်နှင့် လက်နက်ကြီးများပစ်ခတ်ခဲ့၍ ထီးနူရွာနေ အသက် ၁၂ နှစ်အရွယ် နော်ချေမူး၏ ညာဘက် လက်မောင်းနှင့် အသက် ၈၅ နှစ်အရွယ် ဖီးပန်းပု၏ ညာဘက်လည်ပင်းရှပ်ထိ၍ ညာဘက်ခြေထောက် ခြေဖမိုး ခြေကြောပြက်ကာ ဘယ်ဘက်ခြေချောင်း နှစ်ချောင်းတို့တွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူ ခရိုင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဧပြီလ ၂၀ ရက်နေ့ ည ၈ နာရီခွဲမှ ၉ နာရီအထိ မိနစ် ၂၀ ကြာ လက်နက်ကြီး ၁၇ လုံးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ထိခိုက်မှုအပြင် ထီးနူရွာဘုန်းကြီးကျောင်းဝန်းရှိ နှစ်ခန်းတွဲ အိမ်သာ ၁ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်၏ ပိန္နဲတောတပ်စခန်းမှ ဧပြီလ ၁၈ ရက်နေ့တွင် သထုံမြို့နယ် မင်းလွင်ကျေးနယ်ရှိ ရွာများထဲသို့ လက်နက်ကြီး ၄ ပစ်ခတ်ခဲ့၍ ဝမ်းဘဲအင်းကျေးရွာနေ ဦးရဲဝင်း ညာဘက်ခြေသလုံးထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဆီပုံး ၅ ပုံးနှင့် ကား ၂ စီး ထိမှန်ပျက်စီးခဲ့ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူ ခရိုင် က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article