36 C
Yangon

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသည့် မြန်မာစစ်သားနှင့် နယ်ခြားစောင့်ရဲ ၂၈၈ ဦးကို ချင်းတွင်းစစ်သင်္ဘောဖြင့် ယနေ့ မြန်မာနိုင်ငံပြန်ပို့

Must read

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသည့် မြန်မာစစ်သားနှင့် နယ်ခြားစောင့်ရဲ ၂၈၈ ဦးကို ချင်းတွင်းစစ်သင်္ဘောဖြင့် ယနေ့ မြန်မာနိုင်ငံပြန်ပို့

ရန်ကုန်၊ ဧပြီ ၂၅

ရခိုင်ပြည်နယ်မှ တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးလာသည့် မြန်မာစစ်သားနှင့် နယ်ခြားစောင့်ရဲ ၂၈၈ ဦးကို ယနေ့ မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်မှ လာသော သတင်းများအရ သိရှိရသည်။

မြန်မာနိုင်ငံတွင် အကျဉ်းကျနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးကို ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ပို့ဆောင်ရန် တင်ဆောင်သော မြန်မာရေတပ်၏ ချင်း တွင်း စစ်သင်္ဘောသည် ဘင်္ဂလားဒေ့ရှ်သို့ ယမန်နေ့ ရောက်ရှိလာကြောင်း၊ အဆိုပါ ချင်းတွင်းစစ်သင်္ဘောဖြင့်ပင် မြန်မာစစ်သားနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၂၈၈ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ယနေ့ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ ဆောင် ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယနေ့ နံနက် ၇ နာရီအချိန် ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာစစ်သားနှင့် နယ်ခြားစောင့်ရဲ ၂၈၈ ဦးကို တင်းကျပ်သော လုံခြုံရေး ဖြင့် Cox’s Bazar’s Nuniachhara ရှိ BIWTA ဆိပ်ခံတံတားသို့ တွန်းသင်္ဘောဖြင့် ခေါ်ဆောင်လာပြီး မြန်မာရေတပ်၏ ချင်းတွင်းစစ်သင်္ဘောထံသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရှိရသည်။

မြန်မာစစ်သားနှင့် နယ်ခြားစောင့်ရဲများကို ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ဌာန၊ BGB၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့၊ ဒေသန္တရကျန်းမာရေးအာဏာပိုင်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့တို့က မြန်မာစစ်ကောင်စီတပ်ဖွဲ့ထံသို့ စနစ်တကျ လွှဲ ပြောင်း ပေးလိုက်ကြောင်း သိရှိရသည်။

မြန်မာစစ်သားနှင့် နယ်ခြားစောင့်ရဲများသည် ယခုနှစ်ဆန်းပိုင်းတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမအသုတ်အဖြစ် တပ်ဖွဲ့ဝင်ပေါင်း ၃၃၀ ဦး ထွက်ပြေးခဲ့ကြပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သည့် စစ်ပြေး စစ်သားနှင့် နယ်ခြားစောင့်ရဲ ၂၈၈ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article