38 C
Yangon

ကျိုက်မရောမြို့နယ်၊ ကော့သပ်ရွာတွင် တပ်စွဲထားသော စစ်သားများက ကျေးရွာထဲ ပြန်လည် ဝင်ရောက်လာသည့် လူငယ် ၁ ဦးကို ပစ်သတ်ပြီး ရွာထဲရှိ ပစ္စည်းများကို စိတ်ကြိုက်ယူဆောင်နေ

Must read

ကျိုက်မရောမြို့နယ်၊ ကော့သပ်ရွာတွင် တပ်စွဲထားသော စစ်သားများက ကျေးရွာထဲ ပြန်လည် ဝင်ရောက်လာသည့် လူငယ် ၁ ဦးကို ပစ်သတ်ပြီး ရွာထဲရှိ ပစ္စည်းများကို စိတ်ကြိုက်ယူဆောင်နေ

ရန်ကုန်၊ ဧပြီ ၂၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့သပ်ရွာတွင် တပ်စွဲထားသော စစ်သားများက ကျေးရွာထဲ ပြန်လည် ဝင်ရောက်လာသည့် လူငယ် ၁ ဦးကို ပစ်သတ်ပြီး ရွာထဲရှိ ပစ္စည်းများကို စိတ်ကြိုက်ယူဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လပိုင်းက စတင်ကာ ကျိုက်မရောမြို့နယ်၊ ကော့သပ်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများက ကျေးရွာအတွင်း ဝင်ရောက် တပ်စွဲပြီး နေအိမ်ထဲရှိ ပစ္စည်းများကို စိတ်ကြိုက်ယူဆောင်ကာ ဆိုင်ကယ်များကိုလည်း ခိုးယူသွားကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်သားများသည် ဧပြီလ ၂၄ ရက်နေ့က ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်လာသည့် လူငယ် ၁ ဦးကိုလည်း ပစ်သတ်ခဲ့ပြီး လက်ရှိချိန်ထိ ရွာထဲ၌ တပ်စွဲထားကြောင်း သိရှိရသည်။

“ကော့သပ်ကျေးရွာမှာ စစ်တပ်က စခန်းဝင်ချနေတာ တစ်လကျော်ကြာပြီ ရွာသူ ရွာသားတွေကိုလည်း မောင်းထုတ်ပြီ ရွာထဲပေးမဝင်ဘူး။ စစ်သားတွေက ပြည်သူတွေရဲ့ နေအိမ်ပေါ်မှာ နေနေကြတာ နောက်ပြီး တစ်အိမ်တက် တစ်အိမ်ဆင်းပြီး သော့တွေရိုက်ဖျက်ပြီး အဝတ်စားတွေ ပစ္စည်းတွေ ဆိုင်ကယ်တွေပါမကျန် ယူနေကြတာ ကားကြီးများနဲ့သယ်နေကြတယ်။ အခေါက်ခေါက်အခါခါပဲ မနေ့ကလည်း လူငယ်လေး ၁ ဦးကို ရွာထဲ ဝင်လာလို့ဆိုပြီး ပစ်သတ်လိုက်တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article