38 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်ခံဖြစ်ခဲ့တဲ့ BGF တပ်ဖွဲ့ခေါင်းဆောင် စောချစ်သူကို စစ်ကောင်စီ က ယုံကြည်စိတ်ချရမှုမရှိတဲ့ အန္တရာယ်ရှိသူအဖြစ် သတ်မှတ်ထားပြီး သူ့ရဲ့ ပိုင်ဆိုင်မှုတွေ ၊ လုပ်ငန်းတွေနဲ့ ဆွေစဉ် မျိုးဆက်ဆိုင်ရာ နောက်ဆုံးအချက်အလက်တွေကို နေပြည်တော်စစ်ရုံးချုပ်မှာ အသေးစိတ် စာရင်းပြုစုနေတယ်လို့ နေပြည်တော် စစ်ကောင်စီ ပြည်ထဲရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
  • ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မောထ-စစ်ကောင်စီတပ်စခန်းက စစ်သားတွေဟာ လက်နက်တွေပါ ထားခဲ့ပြီး ထွက်ပြေးသွားတဲ့အတွက် KNLA – PDF ပူးပေါင်း တပ်တွေက လက်နက် ၃၄ လက်နဲ့ ခဲယမ်းတွေအပါအဝင် စခန်းကိုပါ သိမ်းပိုက်ထားလိုက်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ PDF တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်အာဏာသိမ်းထားတဲ့ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးကို အဓိကျတဲ့ အာဆီယံနိုင်ငံတွေ တွေ့ဆုံဆွေးနွေးကြဖို့ အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံကို ထိုင်းနိုင်ငံက အဆိုပြုတောင်းဆိုထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article