38 C
Yangon

ဝက်လူးနယ်မြေရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်သားနှင့် ရဲများကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒဏ်ရာများဖြင့် ထွက်ပြေး ၊ စစ်သားနှင့်ရဲများ ကျန်ရစ်ခဲ့သည့်ကား၂ စီးကို မီးရှို့ရှင်းလင်း

Must read

ဝက်လူးနယ်မြေရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်သားနှင့် ရဲများကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒဏ်ရာများဖြင့် ထွက်ပြေး ၊ စစ်သားနှင့်ရဲများ ကျန်ရစ်ခဲ့သည့်ကား၂ စီးကို မီးရှို့ရှင်းလင်း

ရန်ကုန်၊ ဧပြီ ၂၅

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ် သား၊ ရဲများကို တိုက်ခိုက်ခဲ့ရာ ဒဏ်ရာများဖြင့် ထွက်ပြေးသွားသဖြင့် ကျန်ရစ်ခဲ့သော ကား ၂ စီးကို မီးရှို့ ရှင်းလင်း ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် မြင်းခြံမြို့နယ်၊ ဝက်လူးနယ်မြေ ရဲစခန်းမှ အိမ်စီးကား ၂ စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား၊ ရဲများကို ဝက်လူးကျေးရွာအတွင်း၌ ပစ်ခတ် တိုက် ခိုက်ခဲ့ရာ စစ်သား၊ ရဲများမှာ ဒဏ်ရာများဖြင့် ထွက်ပြေးကြကြောင်း၊ ထို့ပြင် ၎င်းတို့ စီးနင်းလာသော ကားများကိုလည်း ထားပြီး ထွက်ပြေးသွားသဖြင့် ကျန်ရှိနေသည့် ကား ၂ စီးပေါ်မှ ခြောက်လုံးပြူး သေနတ် ၁ လက်၊ ဖုန်းတစ်လုံး၊ စကားပြောစက်တစ်လုံးနှင့် ငွေသားအချို့သိမ်းဆည်းရရှိကြောင်း၊ ကား ၂ စီး လုံးကို မီးရှို့ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။

“ကားပေါ်မှာက ၂ စီးဆိုတော့ ၈ ကောင်လောက်တော့ပါမယ်။ စခရော၊ ရခ ရောပါမှာပေါ့။ သူတို့ ဘက်က ရမ်းပစ်ခတ်တာလောက်ပဲရှိတယ်။ ဘာမှ ပြန်မပစ်ဘဲနဲ့ ထွက်ပြေးသွားတာ။ ထိခိုက်မှုကတော့ များနိုင်တယ်။ သေဆုံးတာရှိ၊ မရှိကတော့ စုံစမ်းဆဲပါပဲ” ဟု မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၄ Natogyi People Defense Force နှင့် နွားထိုးကြီး ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်သားနှင့်ရဲများ ကျန်ရစ်ခဲ့သော ကား ၂ စီးကို တော်လှန်ရေါ်တပ်များက မီးရှို့ ရှင်းလင်းစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article