28 C
Yangon

ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာသား ၁ ဦးကို စစ်တပ်က ဖမ်းဆီးပြီး နေအိမ် ၁၀ လုံး မီးရှို့ဖျက်ဆီး၊ ပေါက်မြို့နယ်ရှိ ကျောက်တိုင်ခင်းရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး

Must read

ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာသား ၁ ဦးကို စစ်တပ်က ဖမ်းဆီးပြီး နေအိမ် ၁၀ လုံး မီးရှို့ဖျက်ဆီး၊ ပေါက်မြို့နယ်ရှိ ကျောက်တိုင်ခင်းရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၅

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာသား ၁ ဦးကို စစ်တပ်က ဖမ်းဆီးပြီး နေအိမ် ၁၀ လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ခင်မွန်ကျေးရွာကို အကြောင်းမဲ့ ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးကာ ပြည်သူပိုင် နေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“၂၄ ရက်နေ့ ခင်မွန်ရွာကို စစ်ခွေးတွေ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားတယ်။ ပြည်သူပိုင် နေအိမ် ၁၀ လုံး မီးလောင်ပျက်စီးတယ်။ ကျေးရွာနေ ပြည်သူ ၁ ဦးကိုလည်း ဖမ်းခံသွားတယ်။ တိုက်ပွဲမဖြစ်ပါဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

ခင်မွန်ရွာသည် အိမ်ခြေ ၁၀၀၀ ခန့်ရှိသော ကျေးရွာကြီး ဖြစ်ပြီး လက်ရှိချိန်တွင် ဒေသပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။

ထို့ပြင် မကွေတိုင်း၊ ပေါက်မြို့နယ်၊ ကျောက်တိုင်ခင်းရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ပေါက်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင် က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့တွင် ပေါက်မြို့နယ် မြောက်ပိုင်းဖလံကိုင်းရေနံမြေရဲစခန်းနှင့် ကျောက်တိုင်ခင်းရွာကို အကြမ်းဖက် စစ်တပ်က ဂျက်တိုက်လေယာဉ်၊ Mi-35 တို့ဖြင့် ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် ကျောက်တိုင်ခင်းရွာမှာ အသက် ၅၀ ကျော် အရွယ် အမျိုးသား ၁ ဦးသေဆုံးကာ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက ပေါင် ၃၀၀ ဗုံး ၅လုံး ထက်မနည်းကျဲချပြီး စက်သေနတ်နဲ့ပါ ရမ်းပစ်သွားတာ ပြည်သူ ၁ ဦးသေဆုံးပြီး စာသင်ကျောင်းနဲ့ နေအိမ်တွေပါ ပျက်ဆီးတယ်။ တိုက်ပွဲမဖြစ်ဘူး” ဟု ပေါက်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင် က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article