34 C
Yangon

ရေးမြို့နယ်၊ ကျုံညှဲရွာ ပြည်သူ့စစ် ခေါင်းဆောင် ၂ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးစဉ် သေနတ်လု၍ ပစ်ခတ်ခြင်းကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ၂ ဦးလုံး သေဆုံး၊ သေနတ် ၉ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရေးမြို့နယ်၊ ကျုံညှဲရွာ ပြည်သူ့စစ် ခေါင်းဆောင် ၂ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးစဉ် သေနတ်လု၍ ပစ်ခတ်ခြင်းကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ၂ ဦးလုံး သေဆုံး၊ သေနတ် ၉ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၂၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာ ပြည်သူ့စစ် ခေါင်းဆောင်နှင့် ဒုခေါင်း ဆောင်တို့ကို PDF တပ်ဖွဲ့က ဖမ်းဆီးပြီး စစ်ဆေးနေစဉ် သေနတ်လု ပစ်ခတ်သောကြောင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကာ ပြည်သူ့စစ် ခေါင်းဆောင် ၂ ဦးလုံး သေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဧပြီလ ၂၃ ရက်နေ့ နံနက် ၇ နာရီခန့်က ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာ ပြည်သူ့စစ် ခေါင်းဆောင် တင်ဝင်း (ခ) အဝင်းနှင့် ဒု ခေါင်းဆောင် သိန်းဝင်းတို့ အပါအဝင် ၅ ဦးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ M4 Carbine ၂ လက်၊ ကိုးလုံးပြောင်းချောသေနတ် ၂ လက်၊ 380 ပစ္စတို ၂ လက် ၊ ကိုးလုံးအတို ၁ လက်၊ .23 အတို ၁ လက်၊ တူမီး ၁ လက်၊ လက်ပစ်ဗုံး ၄ လုံး ၊ 5.56 ကျည်ဘောက် ၄ခု ၊ 5.56 ကျည် ၃၈၅ တောင့် ၊ ကိုးလုံးကျည် ၄၇ တောင့်၊ 380 ကျည်အတာင့် ၅၀ ၊ .23 ကျည် ၄၁ တောင့်၊ ဓါးတစ်လက် ၊ စကားပြောစက် ၃လုံး၊ စကားပြောစက် အားသွင်းခုံ ၂ ခု၊ Equipment အီကွေးမင်း ၁ ခု၊ ရေဗူးတစ်လုံး၊ မှန်ပြောင်းတစ်ခုတို့နှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။

ထို့သို့ ဖမ်းဆီးပြီးနောက် တော်လှန်ရေးမဟာမိတ်တပ်များက စစ်ဆေးခဲ့ပြီး ၃ ဦး ကို ပြန်လွှတ်ပေးကာ ပြည်သူ့စစ် ခေါင်းဆောင် တင်ဝင်း (ခ) အဝင်းနှင့် ဒု ခေါင်းဆောင် သိန်းဝင်း တို့ကို ဆက်လက်စစ်ဆေးမေးမြန်းနေစဉ် သိမ်းဆည်းထား သော လက်နက်များကို လုယူပြီး ပစ်ခတ်ခဲ့ရာ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ ပြည်သူ့စစ် ခေါင်းဆောင် ၂ ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ ဖမ်းပြီးတော့ ထိန်းသိမ်းလာပြီးစစ်နေတဲ့အချိန်မှာ အဲဒီနှစ်ယောက်က လက်နက်လုပြီး တော့ပြန်ပစ်လို့လေ။ အဲဒါကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တာပါ” ဟု ဒေါနစစ်ကြောင်းမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးသွားသော ပြည်သူ့ စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့သည် အာဏာသိမ်း စစ်ကောင်စီ၏ စစ်မှု ထမ်း စနစ် အကောင်အထည်ဖော်ရေး ၊ တပ်သားစုဆောင်းရေးနှင့် အရပ်သားပြည်သူများအား လက်နက်ကိုင် ခြိမ်းခြောက်ခြင်းများပြုလုပ်နေသဖြင့် ကျေးရွာနေ ပြည်သူများက လက်နက်ဖြုတ် သိမ်းပေးရန်နှင့် အရေးယူပေးပါရန် တိုင်ကြားခဲ့သဖြင့် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေး တပ် (MSRF) ၊ ရေးသိမ်းငှက် (ဒေါနစစ်ကြောင်း လုံခြုံရေးတပ်ခွဲ) ၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ် ရေးအဖွဲ့ (KBDF) – ဒေါနတပ်ခွဲ ၄ နှင့် ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) – ဒေါနတပ်ခွဲ – ၇ တို့ ပူး ပေါင်းကာ လုပ်ဆောင်ခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article