34 C
Yangon

ဘူးသီးတောင်နှင့် မောင်တောမြိုနယ်များတွင် ညမထွက်ရအမိန့် AA ထုတ်ပြန်

Must read

ဘူးသီးတောင်နှင့် မောင်တောမြိုနယ်များတွင် ညမထွက်ရအမိန့် AA ထုတ်ပြန်

ရန်ကုန်| ဧပြီ ၂၆

အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည် ဘူးသီးတောင် ၊ မောင်တောမြိုနယ်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ကြောင်း AA က ယနေ့ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အာရက္ခဒေသအတွင်း၌ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ နှင့် အာရက္ခတပ်တော်တိုသည် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲမြိုများတွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် ဘူးသီးတောင်၊ စကခ (၁၅) အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဖြစ်ပွား လျက်ရှိသော တိုက်ပွဲများကြောင့် ဘူးသီးတောင်မြိုနယ်အတွင်း တိုက်ပွဲများမှာ ပိုမိုပြင်းထန်လျက်ရှိသည်။

ထိုသိုပြင်းထန်သောတိုက်ပွဲများနှင့်အတူ စစ်ရှုး အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီသည် အာရက္ခ ဒေသအတွင်း မတူညီသော လူ့အဖွဲအစည်းများအကြားတွင် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများဖြစ်ပွားလာ စေရန် ကြိုးစားနေသကဲ့သို မူဆလင်လူမျိုးများအား စစ်သင်တန်းပေး၍ တိုက်ပွဲများအတွင်းတွင် အသုံးပြုနေခြင်း၊ မူဆလင်အကြမ်းဖက်အဖွဲများအား လက်နက်များတပ်ဆင်ပေးခြင်း စသည်တိုကိုပြုလုပ်ကာ ယုတ်ညံ့သော နိုင်ငံရေးအောက်လုံးများကိုသုံးပြီး လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးလုပ်ဆောင်လျက် ရှိသည်ကို ထင်ရှားစွာ တွေ့မြင်နေရသည်။

အခြားတစ်ဖက်တွင် မူဆလင်အကြမ်းဖက်အဖွဲများမှလည်း တစ်ဖွဲချင်းသော်လည်းကောင်း၊ စစ်ကောင်စီနှင့်အတူ ပူးပေါင်း၍သော်လည်းကောင်း၊ စစ်ကောင်စီသင်တန်းဆင်းမူဆလင်များမှသော်လည်းကောင်း အာရက္ခတပ်တော်အား ခပ်စိပ်စိပ်တိုက်ခိုက်လာခြင်း၊ မူဆလင်မဟုတ်သည့် အခြားသော ပြည်သူပိုင် ပစ္စည်းဥစ္စာ များအား ဖောက်ထွင်းခိုးယူခြင်း၊ လူနေအိမ်များအားမီးရှိခြင်း စသည့် အာရက္ခပြည်သူလူထုတို၏အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် လုံခြုံရေးတိုကို ခြိမ်းခြောက်နေသော အကြမ်းဖက်လုပ်ရပ်များအား ဘူးသီးတောင်နှင့် မောင်တော ဒေသများ၌ ဆက်တိုက်ပြုလုပ်လာသောကြောင့် အဆိုပါဒေသများ၌ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့မှစ၍ ည (၇) နာရီ မှ နံနက် (၆) နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်သည်။

ဤညမထွက်ရအမိန့်အား ထုတ်ပြန်လိုက်သည့်နေ့မှစ၍ ထုတ်ပြန်ချက်အား ရုတ်သိမ်းကြောင်း မထုတ်ပြန်မချင်း ဘူးသီးတောင်နှင့်မောင်တောဒေသတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် မပျက်မကွက် လိုက်နာကြပါရန် အသိပေးမေတ္တာရပ်ခံအပ်ပါသည်။ လိုက်နာရန် ပျက်ကွက်သူများရှိပါက ထိုက်တန်သော အပြစ်ပေး အရေးယူမှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။

အကယ်၍ မိဘပြည်သူများအနေဖြင့် မဖြစ်မနေသွားလာ ရမည့်ကိစ္စရပ်များရှိလာပါက သက်ဆိုင်ရာ ULA အုပ်ချုပ်ရေးတာဝန်ခံများထံ ကြိုတင်အကြောင်းကြားကာ ခွင့်ပြုချက်ရယူပြီးမှ သွားလာကြပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။

ဓာတ်ပုံ- ရခိုင်တွင် AA က သိမ်းပိုက်ထားသော စစ်တပ်ဌာနချုပ်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article