36 C
Yangon

“တော်လှန်ရေးကို လုပ်တဲ့အခါမှာ ရန်သူကို အာရုံစိုက်ထား။ တစ်ခါခါကျရင် ချော်ချော်ပြီးတော့ ကိုယ့်ဘက်က လူတွေကို ဝေဖန်တာတွေ ဖြစ်လာတယ်။ အဲဒီလို ဖြစ်လာရင် ပြန်စဉ်းစားပြီးတော့ ကိုယ့်လမ်းကို လျှောက်နေတဲ့ဟာကို တည့ုတည့်လျှောက် ။ ဟိုဘက် ဒီဘက်ကို မယိမ်းသွားနဲ့”

Must read

By ရန်ကုန်ခေတ်သစ်

နိုင်ငံတစ်ဝန်း တိုက်ပွဲတိုင်းတွင် ကျဆုံးနေသည့် မြန်မာ အကြမ်းဖက်စစ်ကောင်စီ ၏ အနာဂတ် အလားအလာ အခြေအနေ ပတ်သက်ပြီး အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီးလည်းဖြစ်၊ ဟာဝိုင်ယီအခြေစိုက် အာရှ- ပစိဖိတ် လုံခြုံရေး ဆိုင်ရာ လေ့လာရေးဌာနမှ ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်ကို ရန်ကုန်ခေတ်သစ် သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

မေး။ ။ မြဝတီကိစ္စကို မေးချင်ပါတယ်။ မြဝတီကို သိမ်းနိုင်ဖို့အတွက် တော်လှန်ရေးအဖွဲ့တွေ အများကြီး ကြိုးစားခဲ့ကြပေမယ့် လက်ရှိမှာ နောက်ဆုံးမှာ ဆုတ်ခွာပေးလိုက်ရတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆရာမ သုံးသပ်ပေးပါဦးရှင်။

ဖြေ။ ။ ကျွန်မ မသုံးသပ်ခင် ပထမဆုံး Disclaimer လေး ပြောဖို့ လိုအပ်ပါတယ်။ ကျွန်မ ဒီနေ့ ပြောသွားတဲ့ အကြောင်းအရာတွေ အားလုံးက ကျွန်မ ပုဂ္ဂိုလ်တစ်ယောက်တည်းအတွက်ပြောတာပါ။ ကျွန်မ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားပြုပြီးပြောတာမဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။

ခုနမေးသွားတဲ့ မေးခွန်းနဲ့ပတ်သက်ပြီးတော့ မြဝတီကတော့ အရမ်းဗျူဟာကျတဲ့ အရေးကြီးတဲ့ နေရာတစ်ခု ဘာလို့ဆို နယ်စပ်။ အဲဒီမှာလည်း မြဝတီက ထိုင်းအစိုးရအတွက် အရမ်းအရေးကြီးတဲ့ နေရာ။ အဲဒီ မြဝတီမှာ ဖြစ်တဲ့ဟာက သူတို့ရဲ့ မြန်မာပေါ်လစီထဲမှာ တွက်မယ့်ဟာပါတယ်။ ဆိုတော့ အရေးကြီးတယ်။ ခုနောက်ဆုံး ဖြစ်သွားတဲ့ဟာလည်း ဒီလောက်လောက်တော့ ကျွန်မထင်တာ သိပ်ပြီးတော့ အရေးကြီးတဲ့ ဥစ္စာမဟုတ်သေးဘူး။ အခုဒီ နောက်ဆုံးဖြစ်သွားတဲ့ တိုက်ပွဲသည်။ နောက်ပြီးတော့ တိုက်ပွဲကိုလည်း တစ်ခုတည်းနဲ့ ကြည့်မရဘူး ကျွန်မတို့က Trend ကိုလည်း ကြည့်ရတယ်။ Trend ဆိုတာ အများစုပေါ့။ အများစုက ဘယ်ကို သွားနေလဲ အပေါ်တက်နေလား အောက်ကျနေလား ။

အားလုံးခြုံပြီးတော့ ကြည့်လိုက်လို့ရှိရင် ကျွန်မ အစကတည်းက ပြောထားတယ်။ ဒီဥစ္စာ Tipping Point ရောက်သွားပြီ။ ပြီးတော့ ဖြစ်နေတဲ့ အားလုံးတိုက်ပွဲတွေ ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း ကျွန်မတို့က Trend က အပေါ်တက်နေတယ်လို့ ပြောလို့ရတယ်။ အများစုက အပေါ်တက်နေတယ်။ ဒီ မြဝတီမှာက အခုအချိန်မှာ ဘာအရေးကြီးဆုံးလဲဆိုတာက Reinforcement။ ဒီ ဒေါနတောင်တန်းမှာ စစ်တပ်တွေ ချီတက်လာတဲ့ ဥစ္စာကို မတက်နိုင်အောင် လုပ်ရတဲ့ ဗျူဟာက ပိုပြီးတော့ အရေးကြီးတယ်။ စစ်တိုက်တယ်ဆိုရင် များသောအားဖြင့် ဖြတ်ရတယ်။ သူတို့ရဲ့ Supply လိုင်းတွေ။ Logistic တွေကို ဖြတ်ရတယ်။ အဲဒါက ပိုပြီးတော့ သူတို့အတွက် ရန်သူအတွက် တာရှည်မခံအောင် အဲဒါလုပ်ရတယ်။ အဲဒါ မလုပ်ဘဲ ရှေ့တန်းမှာ ဘယ်လိုမှ တိုက်လို့မရဘူး။ ဆိုတော့ အခုအချိန်မှာ အဓိက အရေးအကြီးဆုံး Priority က စစ်တပ်က Reinforcement တွေကို လာပို့နေတဲ့ ဒီ ဒေါနတောင်တန်းက တက်လာတာတွေကို ဟန့်တားဖို့အတွက်က ပိုအရေးကြီးတယ်။

တစ်ခါတလေကျရင် စစ်တိုက်တဲ့အခါမှာ ကျွန်မတို့တွေက အရေးကြီးတာကို ဦးစားပေးလုပ်ရတယ်။ ဒီဥစ္စာလုပ်ရမလား ဘယ်ဟာအရေးကြီးလဲ ဘယ်ဟာ ဦးစားပေးရမလဲ။ ဘာလို့ဆို ကျွန်မတို့က အမြဲတမ်းလိုချင်သမျှ Resources တွေ လူတွေ ဘာတွေ မရှိတတ်ဘူး။ ဘယ်ဥစ္စာက ပိုအရေးကြီးလဲဆိုတာ ကိုယ့်မှာ ရှိတဲ့ အင်အားတွေပို့ရတယ်။ အခုအချိန်မှာ ကျွန်မတို့ Assessment ရတဲ့ ဒီ ဒေါနတောင်တန်းက တက်လာတဲ့ Reinforcement ကို မရရတဲ့နည်းနဲ့ တားဆီးဖို့က အရေးကြီးတယ်လို့ ကျွန်မတော့ ထင်တယ်။

မေး။ ။ မြဝတီက အရမ်းအရေးကြီးတဲ့ အချက်အချာကျတဲ့ နေရာမှာ ရှိနေတယ်။ ဒီနေရာနဲ့ပတ်သက်ပြီးတော့ သိမ်းလိုက်တဲ့အချိန်မှာလည်း ၊ စစ်ပွဲဖြစ်တဲ့ အချိန်မှာလည်း ထိုင်းဘက်ကနေ ဝန်ကြီးချုပ်ရောက်လာတာမျိုးတွေ၊ အာဆီယံကနေ Statement ထုတ်တာမျိုးတွေ ရှိတော့ ဒါဟာ နိုင်ငံတကာကနေ စောင့်ကြည့်နေတဲ့ အချိန်အခါမျိုးဖြစ်တော့ ဒီနေရာကို နောက်တစ်ကြိမ်ထိန်းချုပ်နိုင်မယ့် အခြေအနေ နောက်တစ်ကြိမ် တော်လှန်ရေးဘက်က‌နေ ထိန်းချုပ်နိုင်မယ့် အခြေအနေရော ရှိနိုင်သလား ။ အဲဒီလိုထိန်းချုပ်နိုင်ဖို့အတွက်ဆို ဘယ်လိုမျိုး အလားအလာတွေ ဘယ်လိုမျိုးတွေ လုပ်ရမလဲ ပြောပြပေးပါရှင့်။

ဖြေ။ ။ ခုန ကျွန်မ ပြောသွားသလို Reinforcement ဟိုဘက်ကနေ တက်လာမယ့် ဥစ္စာကို တားဆီးနိုင်ဖို့ အရေးအကြီးဆုံးပဲ။ အဲဒီဥစ္စာ ဖြတ်တောက်ပြီးပြီဆိုလို့ရှိရင် သိမ်းဆည်းရတဲ့ဟာက ပိုပြီးတော့ လွယ်ကူလိမ့်မယ်။ Reinforcement တွေက ကိုယ့်ဘက်ကို ရောက်လာပြီဆိုလို့ရှိရင် ရန်သူဘက်က ပိုအားကြီးသွားမှာပေါ့။ အဲဒီအခါ တိုက်ရတာက ပိုပြီးတော့ ခက်ခဲတယ်။ အဲဒီဟာက ဦးစားပေး ဆုံးဖြတ်ချက်တွေ လုပ်တဲ့အခါ ဘယ်ဥစ္စာကို ပထမလုပ်ရမယ်၊ Page 1 , Page 2 လို့ ပြောရရင် Page 1 ကတော့ Reinforcement ကို တားဆီးဖို့အတွက်က ပထမဆုံးအရေးကြီးတယ်။ ပြီးတော့မှ နောက်ထပ် ပြန်လှည့်လို့ရမယ်။

မေး။ ။ လက်ရှိမှာ မြဝတီကို BGF နဲ့ စစ်တပ်က ပြန်သိမ်းသွားတဲ့အတွက် ဒါကိုရော ဘယ်လို့ သက်ရောက်မှုတွေ ရှိနိုင်သလဲရှင့်။

ဖြေ။ ။ ဒီ ပြန်သိမ်းသွားတယ်ဆိုတဲ့ ဥစ္စာကလည်း နည်းနည်း ပြောရတော့ ခက်တယ်။ ဒီအချိန်မှာ ဒီဥစ္စာ ဒီလောက် အရေးမကြီးဘူး။ ဒီအချိန်မှာ အရေးကြီးတာ Reinforcement ။ BGF နဲ့ ပတ်သက်ပြီးတော့ သူတို့ ပြောထားတာတော့ KNA ဒီဥစ္စာနဲ့ ပတ်သက်ပြီးတော့ လူတွေက Black and White ၊ အဖြူနဲ့ အမည်းမှတ်သားတဲ့ဟာ တင်းတင်းကြီး။ တစ်ခါတလေကျရင် စစ်တိုက်တဲ့အခါ ဗျူဟာနဲ့ တိုက်တဲ့အခါ Flexible လိုအပ်တယ်။

ဘာလို့လဲဆို ကိုယ့်ဘက်ကို ၁၀၀ ရာခိုင်နှုန်း မရောက်တဲ့ တိုင်အောင်တောင်မှ အလယ်မှာ ထားနိုင်တယ်ဆိုလို့ရှိရင် ရသေးတယ်။ ကိုယ်လုပ်လိုက်လို့ အလယ်မှာ နေတဲ့ လူတွေက ဟိုဘက်ကို ၁၀၀ ရာခိုင်နှုန်း ရန်သူဘက်ကို ၁၀၀ ရာခိုင်နှုန်း ရောက်သွားမယ်ဆိုရင် ကိုယ့်အတွက် မဖြစ်ဘူး။ အဲဒီအချိန်မှာ ဘယ်လူမျိုးကို ဘယ်လိုကိုင်တွယ်ရလဲ။ ဗျူဟာကျကျလုပ်ရလဲဆိုတာက အဲဒီဟာက Art of War ပေါ့။ စစ်တိုက်တဲ့အခါမှာ တစ်ခါတလေကျရင် အကုန်လုံးပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ စစ်ရေးဆိုင်ရာ လုံခြုံရေး လိုအပ်တယ်။

အားလုံးပြောလိုက်လို့ရှိရင် ရန်သူကလည်း သိမယ်ဆိုရင် အဲဒီ ဥစ္စာ အရမ်းပဲ ခက်ခဲသွားလိမ့်မယ်။ တကယ် စစ်တိုက်တဲ့ အခါကျတော့ သတင်းအချက်အလက် အသေအချာသိဖို့က မလွယ်ဘူး။ မပြောနိုင်တာတွေလည်း ရှိတယ်။ မသိနိုင်တာတွေလည်း ရှိတယ်ဆိုတော့ အဲဒါကြောင့်မို့လို့လည်း ဝေဖန်နေတဲ့ လူတွေကို ကျွန်မက နည်းနည်းလေး စောင့်ကြည့်စေချင်တယ်။

အခုအချိန်မှာ အရေးကြီးဆုံးက ကိုယ်လုပ်ထားတဲ့ဟာ ကိုယ်လမ်းလျှောက်နေတဲ့ ဥစ္စာကို ဒီလိုမျိုး misinformation တွေ၊ မသိတဲ့ ဥစ္စာတွေနဲ့ ချွန်ထွက်မသွားစေနဲ့ပေါ့နော်။ လမ်းမှာ စိတ်တည်ငြိမ်ဖို့လိုတယ်။ စိတ်ကြံ့ခိုင်ဖို့လိုတယ်။ ဟိုယိမ်း ဒီယိမ်းဖြစ်တယ်ဆိုရင် ဒီဥစ္စာ တာရှည် ၊ ပန်းတိုင်ရောက်ဖို့ ချော်ထွက်သွားနိုင်တယ်။ ခုနပြောသလိုပဲ ဒီ ဒေါနတောင်တန်းမှာ Reinforcement ကို တိုက်နေတဲ့ အဖွဲ့တွေ အားလုံးက အခုအချိန်မှာ အရမ်းအကူအညီလိုတယ်။ စိတ်ပိုင်း အင်အားလိုတယ်။ ငွေပိုင်း အင်အားလိုတယ်။ နောက် လူပိုင်း အင်အားလိုတယ်။ အဲဒီထဲမှာ အဲဒီ အင်အားတွေ တစ်ခုခု ကိုယ်လိုတဲ့ နေရာက ဖြည့်ပေးနိုင်မယ်ဆိုလို့ ရှိရင် ဒီ ဥစ္စာက ပိုပြီးတော့ အသုံးဝင်တယ်။ ပိုပြီးတော့ helpful ဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒီလိုမျိုး misinformation တွေ၊ ဟိုပြော ဒီပြောနဲ့ လူတွေက စိတ်ဓာတ်တွေ ကျတာ ဒီဥစ္စာ စစ်တပ်ရဲ့ ထောင်ခြောက်ထဲ ဝင်သွားတာ။ စစ်တပ်က အဲဒါမျိုး လိုချင်တယ်။ သူတို့က မရရတဲ့ နည်းနဲ့ တော်လှန်ရေးဘက်တော်သားတွေကို လိုက်ခွဲနေတာ။

ရန်သူကလည်း သူ့ဟာသူ ငြိမ်ငြိမ်နေတာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ သူ အလံတင်လိုက်တာဟာ လူတွေကို စိတ်ဓာတ်ကျ အောင် လုပ်တာ။ သူတို့လုပ်တဲ့အတိုင်း လိုက်ပြီးတော့ စိတ်ဓာတ်ကျနေတယ်ဆို ထောင်ခြောက်ထဲ ဝင်သွားတာ ။ ဝင်သွားပြီးတော့ ကိုယ့်ဘက်က မဟာမိတ်တွေနဲ့ ကွဲပြားလေလေ ရန်သူက ပိုပြီးတော့ ကြိုက်လေလေ။ အခုအချိန်မှာက အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။ မရရတဲ့ နည်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ အင်အားလိုတယ်။ ခုနပြောတဲ့ လူအင်အား ငွေအင်အား စိတ်အင်အား ။ ဒါကြောင့်မို့လို့ တိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ နည်းနည်းလေး စဉ်းစားကြပြီးတော့ သိပ်ပြီးတော့ စိတ်ကို မယိုင်ကြပါနဲ့လို့ပဲ ကျွန်မ ပြောချင်တယ်။

မေး။ ။ စစ်ကောင်စီက စစ်တိုက်တိုင်း ရှုံးပြီးတော့ တိုက်တိုင်းလည်း ထွက်ပြေးတာ နောက်ဆုံးကျတော့ တစ်ဖက်နိုင်ငံအထိပါ ထွက်ပြေးနေတာ အများကြီးပေါ့။ ထွက်ပြေးနေတဲ့ အခြေအနေဖြစ်တော့ တကယ့်တကယ်တော့ မြေပြင်မှာ စစ်တပ်ဘက်က စစ်ရှုံးတာများပြီးတော့ တော်လှန်ရေးရဲဘော်တွေဘက်က စိတ်ဓာတ်အားသာမှုက အရမ်းများလာတယ်။ အရမ်းကို မြင့်တက်တဲ့ အချိန်ဖြစ်တယ်။ အားလုံးက ပြန်ပြီးတော့ တော်လှန်ရေးအပေါ် တစ်စုတစ်စည်းတည်း ရောက်ပြီးတော့ ပြန်ပြီးတော့ ကိုယ်နိုင်တဲ့ ဘက်က ဆက်တွန်းသွားရင် တော်လှန်ရေးက သိပ်မကြာခင်မှာ ကျွန်မတို့ မျှော်လင့်တဲ့ ပန်းတိုင်ကို ရောက်မယ်လို့ ဆရာမကြီး ပြောချင်တာမျိုးလားရှင့်။

ဖြေ။ ။ ဟုတ်ကဲ့ရှင့်။ ဟုတ်ကဲ့ ။ ပူးပေါင်းဆောင်ရွက်လေလေ ပိုပြီးတော့ တော်လှန်ရေးကို ပိုပြီးတော့ မြန်မြန် ရောက်စေလေပေါ့ စစ်တပ်အတွက်က အရမ်း အန္တရာယ်ရှိတာက ဒီဘက်က ဘက်တော်သားတွေ အားလုံး ပူးပေါင်းဆောင်ရွက်လာပြီ ပိုပြီးတော့ စုစုပေါင်းပေါင်း ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်လာလေ သူတို့အတွက် အန္တရာယ်များလေ။ ဆိုတော့ သူတို့က အရမ်းကြောက်တယ်။

အဲဒါကြောင့်မို့ သူတို့ မရရတဲ့ ဒီဘက်တော်သားတွေ သွေးမကွဲကွဲအောင် လုပ်တာ။ ကျွန်မတို့ဘက်ကလည်း ဒီတော်လှန်ရေးကို လုပ်တဲ့အခါမှာ ရန်သူကို အာရုံစိုက် လုပ်ထား။ တစ်ခါခါကျရင် ချော်ချော်ပြီးတော့ ကိုယ့်ဘက်က လူတွေ ဝေဖန်တာတွေ ဖြစ်လာတယ်။ အဲဒီလို ဖြစ်လာရင် ပြန်စဉ်းစားပြီးတော့ ကိုယ်လမ်းလျှောက်နေတဲ့ဟာကို တည့်တည့်လျှောက် ။ ဟိုဘက် ဒီဘက်ကို မယိမ်းသွားနဲ့ အဲဒါပြောချင်တာပါ။

မေး။ ။ စစ်ကောင်စီ တပ်ဘက်ကြားမှာလည်း စိုးဝင်းနဲ့ မင်းအောင်လှိုင် အကွဲအပြဲတွေ ရှိလာတဲ့ သဘော‌မျိုး မြင်လာရပါတယ်ရှင့်။ နောက်တစ်ခါ ဗိုလ်ချုပ်ဟောင်း မြင့်လှိုင် ၊ ဒုဗိုလ်ချုပ်ကြီး ညိုစောနဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း အောင်စိုးတို့ကို ပြန်ဖမ်းလာတာတွေလည်း ရှိလာတော့ ဒီ အပေါ်မှာရော ဆရာမကြီး အနေနဲ့ ဘယ်လို သုံးသပ်ပါသလဲရှင့်။

ဖြေ။ ။ အဲဒီဥစ္စာ သူတို့ထဲမှာ ကွဲပြားနေတာက ပေါ်ထင်လာတာပဲ။ အဲဒီဥစ္စာဟာ သူတို့က Professional စစ်တပ်မဟုတ်တဲ့ အခါကျတော့ တစ်ယောက်နဲ့ တစ်ယောက်က ဆက်ဆံမှုတွေမှာ ယုံကြည်မှု Trust မရှိတော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဟိုဘက်က လာဘ်စားတာတွေ တရားမမျှတတာတွေ လုပ်တဲ့အခါကျတော့ တစ်ယောက်နဲ့ တစ်ယောက် ကိုယ့်ရဲ့ဟာနဲ့ ကိုယ့်ရဲ့ Organization တစ်ခု ကိုယ့်ရဲ့ အဖွဲ့ထဲမှာ အဆိပ်လိုမျိုးပဲ ။

အဲဒီအဆိပ်တွေက သူတို့ကို ပြန်ပြီးတော့ တက်နေတာ။ အဲဒီဟာကတော့ ကျွန်မအတွက်တော့ Organization behavior ဖွဲ့စည်းပုံတွေကို လေ့လာတဲ့ လူတစ်ယောက်အနေနဲ့ ဒီဥစ္စာဖြစ်တယ်ဆိုတဲ့ဟာကတော့ မဆန်းပါဘူး။ စစ်တပ်အတွက်တော့ သူတို့ရဲ့ ထိရောက်မှုတွေ ပိုပြီးတော့ လျော့လာတယ်။ ကျွန်မ အရင်ကတည်းကလည်း ပြောထားတယ်။ စစ်တပ်အထက်ပိုင်းတင် မကဘူး။ ဒီ အဖွဲ့အစည်း တစ်ခုလုံး အထဲကနေပြီးတော့ ပုပ်လာတာ။ ဒါကြောင့် သူတို့ရဲ့ ထိရောက်မှုတွေ ကျလာတာ။ ပုပ်ပြီးတော့ အထက်ကနေ အောက်ပုပ်၊ အောက်ကနေ အထက်ပုပ်ပြီးတော့ ကျလာတာ။

ကျွန်မပြောတဲ့ စစ်တပ်က အခုအချိန်မှာ ရာဇဝတ်ဂိုဏ်း စစ်တပ်။ တကယ် စစ်တပ်မဟုတ်တော့ဘူး။ နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်လိုအပ်တယ်။ ဒါပေမဲ့ အခုစစ်တပ်က တကယ့်စစ်တပ်မဟုတ်ဘူး။ တကယ် Professional စစ်တပ်မဟုတ်ဘူး။ Code of conduct မရှိဘူး။ ပြည်သူလူထုကို ကာကွယ်မယ့် စစ်တပ်က ပြည်သူလူထုကို မကာကွယ်ဘဲ နှိပ်ကွပ်နေတယ်။ အကြမ်းဖက်လုပ်နေတယ်။

သူတို့ကို ပြန်ကြည့်လိုက် တိုက်ပွဲတိုင်းမှာ အမြဲတမ်းရှုံးနေတာ။ သူတို့ လက်နက် ပါဝါနဲ့ တော်လှန်ရေးဘက်နဲ့ ယှဉ်လိုက်လို့ရှိရင် သူတို့မှာ လက်နက် ပါဝါ အများကြီးရှိတယ်။ ဒါပေမဲ့ သူတို့မှာ Professional မရှိတဲ့အခါကျတော့ တိုက်ပွဲတိုင်းမှာ ရှုံးတယ်။ တကယ် ပြည်ပက Professional တစ်ခုက လာတိုက်မယ်ဆိုလို့ရှိရင် သူတို့ ဘယ်လိုမှ မနိုင်နိုင်ဘူး။ တိုင်းပြည်တစ်ခုမှာ Professional စစ်တပ်တစ်ခုလိုတယ်။ ဒီဥစ္စာတော့ မဟုတ်ဘူး။

မေး။ ။ အခုလက်ရှိ မင်းအောင်လှိုင်ရဲ့ စစ်တပ်က တကယ့်ကို ရာဇဝတ်ဂိုဏ်းသာသာပဲ။ မြေပြင်မှာ စစ်တိုက်တဲ့အခါမှာလည်း အခု ကော့ကရိတ်ဘက်မှာ ဆိုရင်လည်း ဓာတုအဆိပ်ဗုံးတွေ သုံးသွားတာမျိုး ရှိတယ်ရှင့်။ အဲဒီအတွက်ကြောင့် ပြန်ဆုတ်ခွာပေးထားတာ ရှိတော့ ဒီလိုမျိုးတွေ ဓာတုအဆိပ်ဗုံးတွေ သုံးပြီး စစ်တိုက်လာတဲ့ အခြေအနေကိုလည်း ဆရာမကြီး အနေနဲ့ သုံးသပ်ပေးပါဦးရှင့်။

ဖြေ။ ။ ဓာတုအဆိပ်ဗုံးတွေ သုံးတိုက်တာလဲ အဲဒါ သူတို့မှာ နောက်ဆုံးဘာမှ မရှိတော့လို့။ နောက်ဆုံးအဲဒီအထိကို သုံးနေရတာ။ သုံးတာ ဘယ်သူ့အပေါ်မှာ သုံးတာလဲ။ တကယ် ပြည်သူလူထုအပေါ်မှာ ပြန်သုံးတာ။ ဒီ ဥစ္စာ အကြမ်းဖက် အဖွဲ့အစည်း ။ စစ်တပ်တောင် သုံးဖို့ခက်တယ်။ ဒါပေမဲ့ ကျွန်မ ဗမာ စကားမကြွယ်ဝတဲ့အခါကျတော့ တခြားဘာသုံးရမယ်မှန်း မသိဘူး။ ဒါပေမဲ့ တကယ်တော့ ဒီဥစ္စာ ရာဇဝတ်ဂိုဏ်း။ သူတို့ကိုယ်တိုင်က ကျားဖြန့်မှာ စုံစမ်းလိုက်တဲ့အခါမှာ အားလုံးက မကင်းဝေးဘူး။ ကျားဖြန့်မှာ။ ရာဇဝတ်ဂိုဏ်းတွေနဲ့ တကယ် တရားမဝင် ရာဇဝတ်မှုတွေလုပ်နေတာပေါ့။ တော်လှန်ရေးဘက်က သူတို့လုပ်ထားတဲ့ သက်သေ တွေကို စုဆောင်းပြီး တော်လှန်ရေးပြီးတဲ့အခါမှာ သူတို့ကို တာဝန်ခံမှုနဲ့ ပြန်ပြီးတော့ အရေးယူမှာ။

မေး။ ။ နောက်ဆုံးမေးခွန်းပါရှင့်။ လက်ရှိမှာ ဆရာမကြီး အပြောအရရော မြေပြင်အနေအထားပုံစံအရရော ကျွန်မတို့ရဲ့ တော်လှန်ရေးဘက်တော်သား တော်လှန်ရေးဘက်က စစ်ရေးအရ အရမ်းကို အားသာနေတဲ့ အခြေအနေဖြစ်နေတော့ အဲဒီလိုအခြေအနေမှာ ဒီ တော်လှန်ရေးအဖွဲ့အစည်းအနေနဲ့ရော ပြည်သူလူထုကိုရော ဆရာမကြီးအနေနဲ့ အကြံဉာဏ်ပေးချင်တာရှိရင် ပြောပြပေးပါဦးရှင့်။

ဖြေ။ ။ အခုအချိန်မှာ ကျွန်မ အစကတည်းက ပြောထားတယ်။ တော်လှန်ရေး တစ်ခုလုံး ခြုံပြီးတော့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် Tipping Point ရောက်နေပြီ။ Tipping Point ကနေ Ending point ရောက်ဖို့က ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။ အဲဒီကြားထဲမှာလည်း စစ်တပ်က ဟိုဘက်က ရန်သူကြားထဲမှာလည်း မရရတဲ့ နည်းနဲ့ ပူးပေါင်းဆောင်ရွက်မှု ပျက်ပြားအောင် ၊ ဘက်တော်သားတွေ တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်သွားအောင် သူတို့ကလည်း Misinformation ၊ သူတို့ကလည်း ဗျူဟာကျကျနဲ့ သူတို့က လိုက် ထိုးစစ်လုပ်နေတာပဲလေ။

စိတ်ဓာတ်စစ်ဆင်ရေး တိုက်ပွဲအနေနဲ့လုပ်နေတယ်။ ကိုယ်က အဲဒီဥစ္စာကို သတိထားရမယ်။ တစ်ယောက်နဲ့ တစ်ယောက် မပူးပေါင်းဘူး။ ဒီဘက် ဘက်တော်သားတွေ အားလုံးက ကိုယ့်မှာ ဘုံ ပန်းတိုင် အားလုံးအတူတူရှိတယ်။ ဒါပေမဲ့ အဲဒီ ပန်းတိုင်ကို ရောက်ဖို့အတွက်က ဘယ်လိုသွားရမလဲဆိုတာ သူတို့ကွာခြားရင် ကွာခြားလိမ့်မယ်။ အဲဒီဥစ္စာမှာ ဖြစ်လာလို့ရင် အာရုံစိုက် ပြန်လုပ်ရမှာက လုပ်စရာရှိတာကို အာရုံစိုက် လုပ်။ ကိုယ့်ရဲ့ ဘုံ ရှိနေတဲ့၊ တူတဲ့ ပန်းတိုင်ကို ပြန်ပြီးတော့ အာရုံစိုက် ပြန်လုပ်။ ပြန်ပြီးတော့ မရရတဲ့ နည်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။ ဘာလို့ဆို ဟိုဘက်က ကျွန်မပြောသွားသလို ရန်သူက သူ့ဘာသာ သူ ထိုင်နေတာ မဟုတ်ဘူး။

သူကလည်း မရရတဲ့ နည်းနဲ့ ထိုးစစ်တွေ လုပ်နေတယ်။ တစ်ယောက်နဲ့ တစ်ယောက် မပူးပေါင်း မဆောင်ရွက်ဘူးဆိုရင် ကိုယ်က သူတို့ရဲ့ အလုပ်ကို လုပ်ပေးနေတာနဲ့ အတူတူပဲ။ တချို့တွေကျတော့ တစ်ယောက်နဲ့တစ်ယောက် ပုဂ္ဂိုလ်ရေး လူရဲ့ ဥစ္စာကို လူကို လိုက်တိုက်တယ် တစ်ယောက်နဲ့ တစ်ယောက် ။ အဲဒီလို လုပ်မယ့်အစား တစ်ယောက်နဲ့ တစ်ယောက် ဘာလုပ်ဖို့ လိုအပ်လဲ။ ငါ ဒီဥစ္စာအောင်မြင်ဖို့အတွက်ကို ဘယ်သူ့အကူအညီလိုလဲ။ ဘယ်လိုနည်းနဲ့ပူးပေါင်းပြီးတော့ လုပ်ရမလဲ။

အဲဒီဥစ္စာကို ပြန်ပြီးတော့ အာရုံစိုက် လုပ်မယ်ဆိုလို့ရှိရင် တခြား တစ်ယောက်နဲ့ တစ်ယောက် ကတောက် ကဆဖြစ်တာ မကြိုက်တာ အဲဒီဥစ္စာ ဘေးမှာ ထားလိုက်လို့ရပြီ။ နောက် စစ်တိုက်တယ်ဆိုတာကလည်း လက်တွေ့ကျရတယ်။ Flexible ဖြစ်ရတယ် ။ ဘာလို့ဆို စစ်မြေပြင် အမြဲတမ်း အမြန်ပြောင်းလဲနေတယ်။ ခုနပြောသလို အရမ်းပဲ Black and White ၊ White and Black အရမ်းပဲ တင်းတင်းထားလို့ရှိရင် ဒီလိုမျိုး Flexible လုပ်ဖို့ လိုအပ်တဲ့အချိန် မလုပ်နိုင်တာတွေ ရှိတယ်။ ဒါ ကိုယ့်အတွက် ဆုံးရှုံးတာတွေ ဖြစ်တတ်တယ်။ ဆိုတော့ အခုအချိန်မှာ ကျွန်မပြောချင်တာက တစ်ယောက်နဲ့ တစ်ယောက် ပူးပေါင်းဆောင်ရွက်ကြပါ။ ရန်သူအတွက် ပူးပေါင်းဆောင်ရွက်ရင် သူတို့ ကျဆုံးမယ်။ ဒါသူတို့အတွက် အရမ်းအန္တရာယ်အရှိဆုံးပဲဆိုတာ သူတို့အတွက် ပြလိုက်ရမယ်။ အဲဒါကြောင့်မို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article