28 C
Yangon

ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းချနေသူ ၂ ဦးကို တော်လှန်ရေး ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူ

Must read

ရန်ကုန်၊ ဧပြီ ၂၉

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းချနေသူ ၂ ဦးကို ကလေးမြို့နယ် တော်လှန်ရေး ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

ဧပြီလ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်အချိန် ကလေးမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့ (တောင်ပိုင်း) မှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ကမ္ဘာဟိန်း ဦးစီးပြီး ပြည်သူ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးသည် ကျေးရွာ ပအဖ အဖွဲ့ဝင်များ၊ ပလဖအဖွဲ့ဝင်များနှင့် အတူ ကျေးရွာအတွင်း မူးယစ်ဆေးရောင်းချနေသည့် ကျော်မင်း၏ နေအိမ်ကို ဝင်ရောက် ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက် ရှာဖွေမှု အတွင်း ကျော်မင်း၏ နေအိမ် အောက် အိပ်ယာဘေးတွင် ကောင်းကြိုက် စာတမ်းပါ ပလစ်စတစ်ဗူးငယ် ၁ ဗူးအတွင်း မူးယစ်ဆေးဝါး ဟုယူဆရသည့် အဝါရောင် ဖောက်မှုန့် ၀.၅ ဂရမ်ခန့်ကို ရှာဖွေတွေ့ရှိပြီး နေအိမ်ပေါ်သို့ ဆက်လက်ရှာဖွေရာ နေအိမ် နောက်ဘက်မှ Goldstar လယ်ရှည် အမဲရောင်ဖိနပ် ၁ ရံအတွင်းမှ အဖြူရောင်ဖုံးဖြင့် ဖုံးထားသော အကြည်ရောင် ပလပ်စတစ်ဗူး အတွင်းထည့်ထားသော မူးယစ်ဆေးဝါးဟုယူဆရသည့် အဝါရောင်ဖောက်မှုန့် ၅ ဂရမ်ခန့်နှင့် ဝါရောင်စတေကာ ပတ်လျက် အကြည်ရောင် ပလပ်စတစ်ဗူးအတွင်း ထည့်ထားသော မူးယစ်ဆေးဝါး ဟုယူဆရသည့် အဝါရောင်ဖောက်မှုန့် ၁ ဂရမ်ခန့် တို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိသော ပစ္စည်းများကို သက်သေများရှေ့ရှာဖွေပုံစံရေးသွင်း သိမ်းဆည်းပြီး မူးယစ်ဆေးဝါး ရောင်းချရန် အလို့ငှာ လက်ဝယ်ထားရှိသူ ကျော်မင်းကို ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (တောင်ပိုင်း) စခန်း မယ (ပ) ၃/၂၀၂၄ မူး/စိတ်ပုဒ်မ-၁၉(က) ဖြင့် အမှုဖွင့်လှစ်ထားကြောင်း KALAY TOWNSHIP PEOPLE’S POLICE (KPP) က ထုတ်ပြန်ထားသည်။

အလားတူ ဧပြီလ ၂၈ ရက်နေ့ နံနက် ၇ ခန့်တွင် ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ (တောင်ပိုင်း) စခန်းမှ ရဲတပ်ကြပ်ကြီး ရန်အောင်ဦးစီးပြီး ပြည်သူ့ရဲတပ်ဖွဲ့ဝင် ၂ ဦးသည် ကျေးရွာ ပအဖ အဖွဲ့ဝင်များ၊ ပလဖအဖွဲ့ဝင်များနှင့်အတူ မူးယစ်ဆေးဝါးရောင်းချနေသည့် ကျေးရွာ နယ်မြေ ၅ တွင်နေထိုင်သည့် တူးလေး၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ တူးလေးကို နေအိမ်၌ တွေ့ရှိပြီး ၎င်း အိပ်ယာပေါ်၌ မူးယစ်ဆေးဝါးဟု ယူဆရသည့် အဝါရောင်ဖောက်မှုန့်များ ထည့်ထား သည့် ပင်နီစလင်ပုလင်း ၅ လုံး၊ ၂.၅ ဂရမ်ခန့်၊ အချိုရည်ကော်ပိုက်တွင်း ထည့်ထားသည့် မူးယစ်ဆေးဝါးဟုယူဆရသည့် အဝါရောင် ဖောက်မှုန့် ၀.၅ ဂရမ်ခန့်၊ မူးယစ်ဆေးဝါး ရောင်းချရာတွင် အသုံးပြုသည့် OPPO အမျိုးအစား အနီရောင် ဖုန်း(၁) လုံး နှင့် ဘုရားစင်ပေါ်မှ PISTOM KIT အမျိုးအစား ဖြူ/ပြာရောင်ဘူးအတွင်းထည့်ထားသည့် မူးယစ်ဆေးဝါး ဟုယူဆရသည့် အဝါရောင် ဖောက်မှုန့်(၄)ဂရမ်ခန့်တို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိသော ပစ္စည်းများကို သက်သေများအရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ (တောင်ပိုင်း) စခန်း မယ (ပ) ၄/၂၀၂၄ မူး/စိတ်ပုဒ်မ-၁၉(က) ဖြင့် အမှုဖွင့်လှစ်ထားကြောင်း KALAY TOWNSHIP PEOPLE’S POLICE (KPP) က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article