38 C
Yangon

မုံရွာမြို့နယ်၊ တောင်ပလူရွာကို ရိက္ခာလာပို့သည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

မုံရွာမြို့နယ်၊ တောင်ပလူရွာကို ရိက္ခာလာပို့သည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောင်ပလူရွာကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Mahura People Defence Force – MHRPDF ထံမှ သိရသည်။

ဧပြီလ ၂၈ ရက်နေ့တွင် မုံရွာမြို့နယ်၊ တောင်ပလူရွာကို ရိက္ခာလာပို့သည့် အင်အား ၁၅ ဦးပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက တောင်ပလူရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းကြားဖြတ် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၆ ဦးသေဆုံးပြီး စစ်တပ်ဘက်မှ လေကြောင်း ပစ်ကူ ရောက်ရှိလာသောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရပြီး လက်နက်များ ကောက်ယူနိုင်ခြင်း မရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁ တပ်ရင်း (BLDF) ၊ မုံရွာခရိုင်အမှတ် ၂၅ တပ်ရင်း ၊ တပ်ခွဲ(၁) ၊ တပ်ခွဲ(၂) ၊ တပ်ခွဲ(၄) ၊ တပ်ခွဲ(၅) MHRPDF၊ ပကဖ ၊ LPDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article