27 C
Yangon

သရက်ချောင်းတွင် ခမရ ၄၀၁ တပ်က PDF အယောင်ဆောင်ပြီး ဆက်ကြေးကောက်ကာ မူးယစ်ရမ်းကား

Must read

ရန်ကုန်၊ မေ ၁

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ရန်ကုန်ကားလမ်းပိုင်းတွင် ခမရ ၄၀၁ မှ တပ်သားများက PDF အယောင်ဆောင်ပြီး ခရီးသည်ယာဉ်များကို ဆက်ကြေးကောက်ကာ မူးယစ်ရမ်းကားနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

သရက်ချောင်းမြို့နယ်၊ မြိတ်- ရန်ကုန်ကားလမ်းပိုင်းတွင် ယခင်က PDF များ က ဂိတ်ချခဲ့သော နေရာဟောင်းတစ်ခုရှိပြီး အဆိုပါ ဂိတ်နေရာဟောင်းသို့ ထားဝယ်မြို့ အခြေစိုက် ခမရ ၄၀၁ မှ စစ်သားများက ဝင်ရောက်နေရာယူလာကြောင်း၊ ယင်းနောက် အရပ်ဝတ်များဖြင့် ကျည်ကာ၊ လက်နက်များဖြင့် ခရီးသည်ယာဉ်များကို တားဆီးကြောင်း၊ ယင်းနောက် ခရီးသည်များထံမှ ဆက်ကြေးကောက်ခံပြီး မူးယစ်ရမ်းကားမှုများလည်း လုပ်ဆောင်ကြောင်း ဒေသပြည်သူတချို့က ပြောဆိုကြသည်။

“သရက်ချောင်းက အရင်PDF တွေဂိတ်ချထားတဲ့နေရာမှာ အရပ်၀တ်နဲ့လက်နက်ကိုင်တချို့ ဂိတ်လာချထားတယ်။ ရုတ် တရက်ဆိုရင်တော့ PDFလို့ပဲထင်မှာပေါ့။ ဒါပေမယ့် သူတို့ဝတ်ထားတဲ့ ကျည်ကာနဲ့ ကိုင်ထားတဲ့ လက်နက်တွေမှာ ၄၀၁ ဆိုတဲ့ အနီ၀ိုင်းပါတယ်။ ခမရ ၄၀၁ က စစ်သားတွေ ။ အရပ်ဝတ်နဲ့ PDF ပုံမှားရိုက် အရက်တွေမူးပြီး ခရီးသည်တင်ကားတွေပေါ်ကို လက်သုံးချောင်းထောင်ပြီး တက်တယ်။ ပြီးတော့ ငါတို့မှာတော့ တောထဲမှာ ပင်န်းဆင်းရဲခံပြီ တော်လှန်ရေးလုပ်နေတာအားလုံး လွတ်မြောက်ဖို့အတွက် ကြိးစားနေကြတာ မင်းတို့ကတော့ သွားလိုက် လာလိုက် အေးဆေးပဲ။ မင်းတို့တွေ သစ္စာ ဖောက်တွေလို့ပြောပြီး ခရီးသည်တွေဆီက တစ်ဦးကို ၁သောင်း တောင်းသွားတယ်။ ကားပေါ်ကနေ ပြန်ဆင်းတော့ အရေးတော်ပုံ အောင်ရမယ် ဆိုပြီး မူးမူးရူးရူးနဲ့ ပြန်ဆင်းသွားတယ်” ဟု ဧပြီလ ၂၉ ရက်နေ့ ဆက်ကြေးကောက်ခံခဲ့ရသည့် မျက်မြင်ခရီးသည်တစ်ဦးက ပြောဆိုသည်။

သရက်ချောင်းဒေသမှ ပြည်သူတချို့ကလည်း ခမရ ၄၀၁ တပ်မှ စစ်သားများက မြိတ်-ရန်ကုန်လမ်းပိုင်းတွင် PDF အယောင် ဆောင် သတင်းရယူခြင်း၊ ဆက်ကြေးကောက်ခြင်းနှင့် မူးယစ် ရမ်းကားနေသည်မှာ မှန်ကန်ကြောင်း၊ PDF ထင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောဆိုမိသူများ၊ ဖုန်းအတွင်းမှ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု နှင့်ပတ်သက်ည့် လူမှုကွန်ရက်မျှဝေခဲ့သူ ခရီးသည်တချို့နှင့် ပြည်သူတချို့ ဖမ်းဆီးခံရကြောင်း၊ တချို့ သတ်ဖြတ်ခံရကြောင်း ပြောဆိုသည်။

“PDF အယောင်ဆောင်ပြီးတော့ သတင်းယူတယ်။ နောက်တစ်ခါ ကိုယ့်လူမှတ်ပြီး တရင်းတနှီး သွားလုပ်တဲ့ ပြည်သူတချို့လည်း အဖမ်းခံရတယ်။ ဖုန်းတွေယူစစ်ရင်း အဖမ်းခံရတာတွေလည်းရှိတယ်။ ပြည်သူတွေရော ခရီးသွားတွေရော စစ်တပ်က PDF အယောင်ဆောင်တာတွေကို သတိထားဖို့လိုပါတယ်။ သူတို့ကိုင်တဲ့ လက်နက်တွေမှာ စစ်တပ်က ဆိုရင် သိသာပါတယ်။ သတိထားစေချင်တယ်” ဟု သရက်ချောင်းမြို့နယ်မှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်သည် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိသော မြို့တစ်ခုဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ခရီးသွားပြည်သူများကို တားဆီးစစ်ဆေးနေသည့် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ စစ်သား၊ ရဲနှင့် ထွေ/အုပ်ဝန်ထမ်းများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #PDF အယောင်ဆောင်ပြီး ဆက်ကြေးကောက်

ခရီးသွားပြည်သူများကို တားဆီးစစ်ဆေးနေသည့် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ စစ်သား၊ ရဲနှင့် ထွေ/အုပ်ဝန်ထမ်းများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article