30 C
Yangon

ရခိုင်ပြည်မြောက်ပိုင်းတွင် သတင်းတု၊ သတင်းအမှားနှင့် အမုန်းစကားများ ပြန့် ပွားနေပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အန္တရာယ်နှင့် တင်းမာမှုများ ပိုမိုတိုးပွားနေ၍ ကုလသမဂ္ဂက စိုးရိမ်

Must read

ရခိုင်ပြည်မြောက်ပိုင်းတွင် သတင်းတု၊ သတင်းအမှားနှင့် အမုန်းစကားများ ပြန့် ပွားနေပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အန္တရာယ်နှင့် တင်းမာမှုများ ပိုမိုတိုးပွားနေ၍ ကုလသမဂ္ဂက စိုးရိမ်

ရန်ကုန်၊ မေ ၂

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်ပွားနေပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အန္တရာယ်နှင့် တင်းမာမှုများ ပိုမိုတိုးပွားလာနေသည့် အရိပ်အယောင်များမြင်နေရ၍ ကုလသမဂ္ဂအနေဖြင့် စိုး ရိမ် မိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric က ပြောဆိုလိုက်သည်။

မေလ ၁ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂ ရုံးချုပ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်း ပွဲတွင် ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရဲ့ နောက်ဆုံးရသတင်းအရ အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သတင်းတု၊ သတင်းမှားနဲ့ အမုန်းစကားများ ပြန့်ပွားနေခြင်းနဲ့ပတ်သက်လို့ မြေပြင်ရှိ ကျွန်တော်တို့ ကုလသမဂ္ဂအဖွဲ့အနေဖြင့် စိုးရိမ်မကင်း ဖြစ်မိပါတယ်။ လက်ရှိ လွန်စွာ မတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေမှာ ပြန်လည်ပေါ်ပေါက်လာနေတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အန္တရာယ်နှင့် တင်းမာမှုများ ပိုမိုတိုးပွားလာနေတဲ့ အရိပ်အယောင်တွေရှိလာချိန်တွင် လူမှုသဟဇာတဖြစ်မှု (social cohesion) ကို မြှင့်တင်ဖို့ နှစ်ဆတိုး ကြိုးပမ်းနေကြတာ၊ အတူတကွ လက်တွဲလုပ်ဆောင်နေကြတဲ့ ရပ်ရွာခေါင်းဆောင်တွေ၊ အထူးသဖြင့် အမျိုး သမီးတွေနဲ့ လူငယ်တွေကို အပြည့်အ၀ ထောက်ခံပါတယ်” ဟု ကုလသ မဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric က ပြောဆိုသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် စနစ်တကျ ခွဲခြားဆက်ဆံခြင်းနှင့် ပြစ်ဒဏ်မှ ကင်းလွတ်နေခြင်းများ၏ အခြေခံ အကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းခြင်းသည် မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည့် လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်ရန်အတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် လမ်းကြောင်းတခု တည်ဆောက်ရာမှာ အရေးပါ ကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်ရန် ပျက်ကွက်မှုသည် မြန်မာနိုင်ငံ၏ အကြမ်းဖက်မှု သံသရာ လည်ပတ်နေမှုကို ပိုမို ဆိုးဝါးလာစေလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက သတိပေးသည်။

မြန်မာနိုင်ငံအတွင်း အရပ်သားများအပေါ် လုပ်ဆောင်သည့် အကြမ်းဖက်မှုအားလုံးကို ရှုတ်ချကြောင်း ၊ စစ်မက်ပြုခြင်း ရပ်တန့်ရန်နှင့် လူသားချင်းစာနာမှု လမ်းကြောင်း ကန့်သတ်ခံရမှုများအတွက် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့်အညီ ကူညီရေးလုပ်သားများအပါအဝင် အရပ်သားများကို အကာအကွယ်ပေးရန် ကုလသမဂ္ဂက တိုက်တွန်းပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article