30 C
Yangon

ရန်ကုန်-မန္တလေး ကားလမ်းပေါ် ကညွတ်ကွင်းမြို့ရှိ ခမရ ၄၃၉ တပ်ရင်းအတွက် လက်နက်ခဲယမ်းများနှင့် ရိက္ခာများ သယ်ယူနေသည့် ငနုသန်းတံတားကို ဖောက်ခွဲဖျက်ဆီး

Must read

ရန်ကုန်-မန္တလေး ကားလမ်းပေါ် ကညွတ်ကွင်းမြို့ရှိ ခမရ ၄၃၉ တပ်ရင်းအတွက် လက်နက်ခဲယမ်းများနှင့် ရိက္ခာများ သယ်ယူနေသည့် ငနုသန်းတံတားကို ဖောက်ခွဲဖျက်ဆီး

ရန်ကုန်၊ မေ ၂

ရန်ကုန်-မန္တလေး ကားလမ်းပေါ် ကညွတ်ကွင်းမြို့ ခမရ ၄၃၉ တပ်ရင်းအတွက် လက်နက်ခဲယမ်းများနှင့် ရိက္ခာများ သယ်ယူနေသည့် ငနုသန်းတံတားကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် ကညွတ်ကွင်းမြို့ ခမရ ၄၃၉ တပ်ရင်းအတွက် လက်နက်ခဲယမ်းများနှင့် ရိက္ခာများ အဓိက သယ်ယူနေသည့် ငနုသန်းတံတားကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းခွဲရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်အတွက် ရိက္ခာသယ်ယူရန် အသုံးပြုနေသော ငနုသန်းတံတား အနီးရှိ ကညွတ်ကွင်း-‌ညောင်ပင်သာ ရထားလမ်းပိုင်းကိုလည်း ယင်းနေ့တွင် တပြိုင်တည်း ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီး ကုန်ရထား ၁ စီး လမ်းချော်ခဲ့ကြောင်း သိရှိရသည်။

“အကြမ်းဖက် စစ်တပ်ရဲ့ ၄၃၉ တပ်ရင်းအတွက် လက်နက်ခဲယမ်း၊ ရိက္ခာများ အဓိက သယ်ယူနေတဲ့ ငနုသန်းတံတားနဲ့ ရထားလမ်းကို မိုင်းဆွဲ ဖျက်ဆီးခဲ့တာလို့ သိရတယ်။ ဘယ်အဖွဲ့တွေ လုပ်တယ်ဆိုတာတော့ မသိရသေးဘူး” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article