25 C
Yangon

စစ်တပ် ထုတ်ကုန် မြန်မာဘီယာ ဝယ်ယူသောက်သုံးခဲ့ကြသော TNLA ရဲဘော်များကို ကြိမ်ဒဏ်၊ အလုပ်ကြမ်းနှင့် လူမှုရေးပြစ်ဒဏ်များချမှတ် အရေးယူဟုဆို

Must read

စစ်တပ် ထုတ်ကုန် မြန်မာဘီယာ ဝယ်ယူသောက်သုံးခဲ့ကြသော TNLA ရဲဘော်များကို ကြိမ်ဒဏ်၊ အလုပ်ကြမ်းနှင့် လူမှုရေးပြစ်ဒဏ်များချမှတ် အရေးယူဟုဆို

ရန်ကုန်၊ မေ ၂

စစ်တပ် ထုတ်ကုန် မြန်မာဘီယာကို သောက်သုံးခဲ့ကြသော TNLA ရဲဘော်များကို ကြိမ်ဒဏ်၊ အလုပ်ကြမ်းနှင့် လူမှုရေးပြစ်ဒဏ်များချမှတ် အပြစ်ပေးလိုက်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

မွေးနေ့ပွဲပါတီတစ်ခုတွင် TNLA က တားမြစ်ကန့်သတ်ထားသော မြန်မာဘီယာကို ‌သောက်သုံးခဲ့သည့် တပ်ဖွဲ့ဝင်ရဲဘော်များကို အပြစ်ပေးအရေးယူခဲ့ကြောင်း၊ မေလ ၂ ရက်နေ့တွင် တားမြစ်ထုတ်ကုန် မြန်မာဘီယာ သောက်သုံးနေသော TNLA ရဲဘော်များကို ကြိမ်ဒဏ် ၁၀ ချက်၊ အလုပ်ကြမ်း ၁ လ နှင့် လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့ကြောင်း TNLA ကဆိုသည်။

၂၀၂၁ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအမြစ်ပျက်ကျဆုံးရန် စစ်ကောင်စီ၏ အရေးပါသော စီးပွားရေးမဏ္ဏိုင်ပြိုလှဲရန် နှင့် စစ်ကောင်စီ ဝင်ငွေလမ်းကြောင်း ပိတ်ပင်ရန် ရည်ရွယ်ပြီး PSLF/TNLAမှ စစ်ကောင်စီ ထုတ်ကုန်များ ရောင်းဝယ်စားသုံးခြင်း မပြုလုပ်ရန် ထုတ်ကုန်များအား ပိတ်ပင်တားမြစ်ခဲ့ကြောင်း၊ ၂၀၂၁ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင် PSLF/TNLA က စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ရောင်း၀ယ်စားသုံးခြင်းမပြုရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါအမိန့်ထုတ်ပြန်ချက်အတိုင်း တားမြစ်ကုန်ထုတ်ပစ္စည်း ရောင်းဝယ်သူများကို တွေ့ရှိပါက အကြိမ်ကြိမ် သတိပေးပြုလုပ်ပြီးမှ ထုတ်ကုန်များကို ရောင်းသူဆိုင်ရှင် အများးရှေ့မှောက်တွင် ဖျက်ဆီးခဲ့ကြောင်း TNLAက ဆိုသည်။

TNLA က သိမ်းပိုက်ထားသော အုပ်ချုပ်နယ်မြေ မြို ၇ မြို့တွင် စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ရောင်း‌ဝယ်စားသုံးနေသာ သူများ တွေ့ရှိပါက ထုတ်ပြန်ချက်ပါ အမိန့်အတိုင်း အရေးယူ ဆောင် ရွက်သွားမည် ဟု TNLA က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article