25 C
Yangon

မုံရွာနှင့် ဘုတလင် မြို့နယ်တွင် လေပြင်း တိုက်ခိုက်ခြင်းနှင့် မိုးကြိုး ထိမှန်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နှင့် ဘုတလင်မြို့နယ် တို့တွင် လေပြင်း တိုက်ခိုက်ခြင်းနှင့် မိုးကြိုး ထိမှန်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မေလ ၁ ရက်နေ့ ညနေပိုင်းတွင် မုံရွာမြို့ပေါ်၌ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ထန်းတော၊ မြဇီးခြံရပ်ကွက်မှ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး သွပ်ပြားထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

မုံရွာမြို့တွင် မေလ ၁ ရက်နေ့ ညနေ ၄ နာရီခန့်မှ ၅ နာရီခန့် အထိ မိုးပြင်း၊ လေပြင်းများ ကျရောက်ပြီး နေအိမ်ပျက်စီးကာ သစ်ပင်၊ သစ်ကိုင်း ကျိုးကျခြင်း၊ လျှပ်စစ် မီးတိုင်များ ကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လျှပ်စစ်မီး ပြတ်တောက်မှုလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကံသစ်ကျေးရွာမှ အမျိုးသား ၁ ဦး မိုးကြိုးထိမှန်ပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မေလ ၁ ရက်နေ့ ညနေပိုင်းတွင် ဘုတလင်မြို့နယ်၊ ကံသစ်ကျေးရွာ၌ နေထိုင်သော အသက် ၃၀ ၀န်းကျင် အရွယ်ရှိ အမျိုးသား ၁ ဦး သည် မိုးကြိုးထိမှန်ပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် မုံရွာ၊ ဘုတလင်၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ ဒီပဲယင်း စသည့် မြို့နယ်များတွင်လည်း မိုးသက်လေပြင်း တိုက်ခတ်ခြင်း မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်ခဲ့ပြီး စေတီပုထိုး၊ ဘုန်းတော်ကြီးကျောင်း၊ နေအိမ်များနှင့် လျှပ်စစ် မီးတိုင်များ၊ သစ်ပင်သစ်ကိုင်းများ ကျိုးကျ ပျက်စီးခြင်းများလည်း ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article