25 C
Yangon

မော်လမြိုင်တွင် CDM ဝန်ထမ်းခန့်ထားမှုဖြင့် ပုဂ္ဂလိက အေးသန္တာဆေးရုံကို စစ်ကောင်စီက ယာယီပိတ်သိမ်း

Must read

ရန်ကုန် ၊ မေ ၃

မွန်ပြည်နယ် မော်လမြိုင်မြို့က အေးသန္တာ ပုဂ္ဂလိကဆေးရုံ မှာ CDM ဝန်ထမ်းခန့်ထားတယ်လို့ဆိုပြီး စစ်ကောင်စီက မေလ ၁ ရက်နေ့ကစတင်ကာ ၃ လ ယာယီပိတ်သိမ်းထားဖို့ စစ်ကောင်စီက အရေးယူခဲ့ကြောင်း မော်လမြိုင် ပုဂ္ဂလိကဆေးရုံ အသိုင်းအဝိုင်းဆီက သိရပါတယ်။

အေးသန္တာ ပုဂ္ဂလိကဆေးရုံ ကို စစ်ကောင်စီ လက်အောက်ခံ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွန်ကြားချက်နဲ့ ပြည်နယ်ကျန်မာရေးဦးစီးဌာနက ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆေးရုံမှာ CDM ပြုလုပ်ထားတဲ့ ဆရာဝန် နဲ့ သူနာပြုတွေကို အလုပ်ခန့်ထားတာကြောင့် ၃ လ ယာယီပိတ်သိမ်းအရေးယူတာ ဖြစ်တယ်လို့ သိရပါတယ်။

“အေးသန္တာဆေးရုံက အရင် အာဏာသိမ်းခါစက CDM တွေလုပ်တော့ CDM ဝန်ထမ်းတွေကို ခန့်ထားလို့ စစ်ကောင်စီကနေ သတိပေးတာခံခဲ့ရဖူးတယ် ။ အခုက အဲ့ဆေးရုံမှာ စစ်တပ်က ကုတင် ၃၀၀ က စစ်တပ် ဆရာဝန်တွေလဲ ထိုင်တော့ အဲ့ဒီကနေသတင်းပေါက်ကြားပြီးဝင်စစ်တာ” လို့ ကျန်မာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းမှာတော့ ပြည်နယ်ကျန်မာရေးဦးစီဌာနက ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းတွေမှာ CDM ပြန်လုပ်ထားတဲ့ ကျန်မာရေးဝန်ထမ်း ဆရာဝန်၊ သူနာပြုတွေ ရှိ၊ မရှိကိုတော့ ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။

အေးသန္တဆေးရုံမှာ လက်ရှိ ဆရာဝန်၊ သူနာပြု ကျန်မာရေးဝန်ထမ်းအင်အား ၁၀၀ ခန့်ဖြင့် အထွေထွေရောဂါ ကုသမှုတွေအပြင် ခွဲစိတ်မှုတွေကိုပါ ကုသဆောင်ရွက်ပေတဲ့ ဆေးရုံတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် CDM ပြလုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်း‌တွေကို ဆေးကုသမှု လိုင်စင်ပိတ်သိမ်းခြင်း၊ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ အလုပ်ခန့်ထားခြင်း ရှိ၊ မရှိစစ်ဆေးကာ အရေးယူမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

(Connect Burma သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article