25 C
Yangon

သပိတ်ကျင်းတွင် မိုးကြိုးပစ်မှုကြောင့် စစ်ဘေးရှောင် ပြည်သူ ၃ ဦး သေဆုံးပြီး ၉ ဦး ဆေးကုသမှုခံယူနေရ

Must read

သပိတ်ကျင်းတွင် မိုးကြိုးပစ်မှုကြောင့် စစ်ဘေးရှောင် ပြည်သူ ၃ ဦး သေဆုံးပြီး ၉ ဦး ဆေးကုသမှုခံယူနေရ

ရန်ကုန်၊ မေ ၃

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် စစ်ဘေး ရှောင်ပြည်သူ ၃ ဦးသေဆုံးကာ ၉ ဦး ဆေးကုသမှုခံယူနေရကြောင်း သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၂ ရက်ညနေ ၄ နာရီခန့်က သပိတ်ကျင်းမြို့နယ်အတွင်း၌ လေပြင်းမုန်တိုင်း တိုက် ခတ် ပြီး မိုးသည်းသည်းမည်းမည်း ရွာသွန်းစဉ် မိုးကြိုးပစ်ချမှုကြောင့် တောင်ယာခင်းအတွင်း စစ်ဘေး ရှောင် နေသူ ပြည်သူ ၁၂ ဦး မိုးကြိုးစက်ကွင်းမိကာ ၃ ဦးပွဲချင်းပြီးသေဆုံးသွားကြောင်း၊ ကျန်ပြည်သူ ၉ ဦး လည်း ဆေးဝါးကုသ မှုခံယူနေရကြောင်း သိရသည်။

“မနေ့က ညနေ ၄ နာရီလောက်က လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး မိုးသည်းထန်တဲ့အချိန် မိုးကြိုးပစ်ချ တာ။ တောင်ယာခင်းထဲမှာ စစ်ရှောင်နေတဲ့ ပြည်သူ ၁၂ ဦး မိုးကြိုးစက်ကွင်းမိပြီး ၃ ဦးပွဲချင်းပြီး သေ တယ်။ ကျန်တဲ့ ၉ ဦးက ဆေးကုသမှုခံယူနေရတုန်းပါ။ ကိုးပင်ရွာ စစ်ဘေးရှောင်ပြည်သူတွေပါ။ လေပြင်းတိုက် လို့ စစ်ဘေးရှောင်တွေရဲ့ ယာယီတဲတွေလည်း ထိခိုက်ပျက်စီးတာရှိပါတယ်။” ဟု သပိတ်ကျင်းမြို့ နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

မိုးကြိုးပစ်မှုကြောင့် သေဆုံးသူများမှာ အသက် ၅၃ နှစ်အရွယ် ကိုမျိုးမြင့်၊ အသက် ၄၆ နှစ်အရွယ် ဦးဇော်ဦးနှင့် အသက် ၃၅ နှစ်အရွယ် ကိုးဝင်းလွင်တို့ဖြစ်ကြောင်း၊ သေဆုံးသူနှင့်ဒဏ်ရာရရှိသူများသည် သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်တိုက်နယ်၊ ကိုးပင်ကျေးရွာနေ ပြည် သူများဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က ကြာညှပ် ကျေးရွာတွင် တပ်စွဲထားသော အကြမ်း ဖက် စစ်တပ်က စစ်ကြောင်းထိုးလာသောကြောင့် စစ်ဘေးရှောင်နေရသူ များဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article