25 C
Yangon

Khit Thit သတင်းဌာန၏ မေ ၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ အင်အား ၅၀၀ နီးပါးရှိတဲ့ နယ်ခြား စောင့်တပ်-ကျီးကန်းပြင်ဌာနချုပ်ကို ရခိုင့်တပ်တော် AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက် လိုက်ပြီး ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်ကို ထပ်ပြီး ထွက်ပြေးသွားကြပြန်ပြီလို့ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်း ၊ မြင်းခြံမြို့မှာ ညအချိန် မီးပြတ်လို့ အပြင်ထွက်ထိုင်တဲ့ ပြည်သူတွေကို တန်းစီပါး ရိုက်ခဲ့သူလည်းဖြစ် ပြည်သူပိုင်နေအိမ်တွေကိုဖောက်ထွင်းလုယက် မီးရှို့ခဲ့သူ ပျူစောထီး လူမိုက် ထွန်းထွန်းဝင်း ဆိုသူ ပစ်ခတ်ခံရပြီး ပွဲချင်းပြီးကို သေသွားပြီလို့ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
  • မွန်ပြည်နယ် မော်လမြိုင်မြို့က အေးသန္တာ ပုဂ္ဂလိကဆေးရုံ မှာ CDM ဝန်ထမ်းခန့်ထားတယ်ဆိုပြီး အကြမ်းဖက် စစ်ကောင်စီက ယာယီပိတ်သိမ်းခိုင်းလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article