25 C
Yangon

ထားဝယ်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

Must read

ထားဝယ်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ မေ ၃

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ဗထူးတပ်မတော် (BHA) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မီနစ်ခန့်တွင် ထားဝယ်မြို့၊ မောင်မယ်ရှောင် ကျေးရွာ ဘုရားမဲ စစ်ဆေးရေးဂိတ်မှ ဇဟာအမြောက်တပ်ကို လာသည့် စစ်သား ၆၀ ဦးပါ စစ်ကြောင်းကို မောင်မယ်ရှောင်ကျေးရွာအနီးတွင် ဗထူးတပ်မတော် (BHA)က ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“အဲတိုက်ခိုက်မှုက စစ်ခွေး ၇ ကောင်သေတယ်။ လက်နက်တွေတော့ သိမ်းဆည်းရမိတာ မရှိပါဘူး” ဟု ဗထူးတပ်မတော် (BHA) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဗထူးတပ်မတော် (BHA) က ၂၀၂၄ ခုနှစ်အတွင်း အကြမ်းဖက် စစ်တပ်ကို စစ်ရေးအရှိန်မြှင့်ကာ အမြစ်ပြတ် တိုက်ခိုက် ချေမှုန်း သွားမည် ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိ ဖြင့် သွားလာနေထိုင် ကြရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ တရားဝင် အသိပေး ထုတ်ပြန်ထားသော ထုတ်ပြန်ချက်မျာကို လေးစားလိုက်နာကြရန် ဗထူးတပ်မတော် (BHA) မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ၏ လက်ကိုင်တုတ်ဖြစ်သော ပျူစောထီးများ ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ နှင့် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ အားလုံးအနေဖြင့် တနိုင်ငံလုံး အတိုင်းအတာ ကျရှုံးမှုပေါင်းများစွာဖြင့် ရင်ဆိုင်နေရသည့် အကြမ်းဖက် အာဏာသိမ်း စစ်တပ်ကို စွန့်ခွာ၍ ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံဝင်ရောက်ကြရန် တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article