25 C
Yangon

ရေစကြိုမြို့နယ်တွင် ဆက်ကြေးကောက်ပြီး ပြန်လာသည့် စစ်သားများနှင့် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရေစကြိုမြို့နယ်တွင် ဆက်ကြေးကောက်ပြီး ပြန်လာသည့် စစ်သားများနှင့် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၃

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ဆက်ကြေးကောက်ပြီး ပြန်လာသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း Shwe Nyar Myae PDF ပြန်ကြားရေးတာဝန်ခံက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂ ရက်နေ့ ညနေပိုင်းတွင် ပခုက္ကူ-ရေစကြို ကားလမ်းပိုင်းမှ ဆက်ကြေးကောက်ပြီး ပြန်လာသည့် စစ်သာများကို တော်လှန်ရေး တပ်ဖွဲ့များက ၁၂ မိုင် ကျေးရွာအနီးတွင် အနီးကပ် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။

” စစ်ခွေးတွေက ဆက်ကြေးကောက်ပြီး ပြန်လာတဲ့ အချိန်နဲ့ ကျွန်တော်တို့နဲ့ ထိပ်တိုက်တွေ့ပြီး အနီးကပ် ပစ်ခတ်မှု ဖြစ်တာ စစ်ခွေး ၂ ကောင်သေပါတယ်” ဟု Shwe Nyar Myae PDF ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ Shwe Nyar Myae PDF၊ ဒေါင်းသွေးနီ၊ မြိုင်ပကဖ နှင့် PKU N PDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်သို့ လက်နက်အပြည့်အစုံဖြင့်ခြေလျင်ထွက်လာသည့် အကြမ်းဖက် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၃ ရက်နေ့က ရေစကြိုမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၅၈ တပ်ရင်းအတွင်းမှ ရေစကြိုမြို့ပေါ်သို့ သွားရောက် လက်နက်အပြည့်အစုံဖြင့် ခြေလျင်ထွက်လာသော အကြမ်းဖက် စစ်သား ၁၅ ဦးကို ပေကုန်းကျေးရွာအနီးအရောက် အသင့်ထောင်ထားသော ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တပ်နဲ့ မြို့နဲ့က နီးတယ်။ ၂ မိုင်ကျော်ကျော်လောက်ပဲ ဝေးမှာ။ လက်နက်အပြည့်အစုံ၊ ယူနီဖောင်းအ အပြည့်အစုံနဲ့ထွက်လာတာ၊ အရင်က ကားနဲ့သွားတဲ့အချိန် ကျနော်တို့အဖွဲ့က ပစ်ထားတော့ ခြေလျင် ထွက်လာကြတာ။ အဲဒါကို ရှေ့ထွက်မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာမှ ၂ ဦးကတော့ အပြင်း ဒဏ်ရာရရှိတာ၊ ထကို မလာနိုင်ဘူး၊ တော်တော်လေးကြာမှ သူ့လူတွေက လာတွဲခေါ်သွားတာ၊ ပြီး တော့ ရေစကြိုမြို့ပေါ်ဆက်မသွားပဲနဲ့ ခလရ ၂၅၈ တပ်ထဲကို ပြန်ဝင်သွားတယ်။ မိုင်းမိတဲ့ ၂ ဦး သေ မသေတော့ နောက်ဆက်တွဲသတင်းမသိရဘူး” ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ရဲဘော်များက တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article