30 C
Yangon

ရေးမြို့နယ် ၊ ကုလားဂုတ်ကျွန်းရှိ စစ်ကောင်စီ ရေတပ်စခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးဝန်းကျင် သေဆုံးပြီး စစ်သား ၂ ဦး အရှင်ဖမ်းမိ၊ စစ်ကူလာသော ကား ၃ စီးကိုလည်း တော်လှန်ရေးတပ်များက မီးရှို့ရှင်းလင်း

Must read

ရေးမြို့နယ် ၊ ကုလားဂုတ်ကျွန်းရှိ စစ်ကောင်စီ ရေတပ်စခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးဝန်းကျင် သေဆုံးပြီး စစ်သား ၂ ဦး အရှင်ဖမ်းမိ၊ စစ်ကူလာသော ကား ၃ စီးကိုလည်း တော်လှန်ရေးတပ်များက မီးရှို့ရှင်းလင်း

ရန်ကုန်၊ မေ ၄

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ ကုလားဂုတ်ကျွန်းရှိ စစ်ကောင်စီ၏ ရေတပ်စခန်းကို တော်လှန်ရေးတပ်များက စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ စစ်သား ၂ ဦး အရှင်ဖမ်းမိခဲ့ကြောင်း မစ်ရှင်တွင် တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့သော တော်လှန်ရေး တပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃ ရက်နေ့ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ကုလားဂုတ်ကျွန်းရှိ စစ်ကောင်စီ ၏ ရေတပ်စခန်းကို တော်လှန်ရေးတပ်များက စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားများ သေဆုံးခြင်း၊ အရှင်ဖမ်းဆီးရရှိခြင်းနှင့်အတူ လက်နက်ခဲယမ်းများလည်း သိမ်း ဆည်းရမိခဲ့ကြောင်း သိရှိရသည်။

“မနေ့က ကုလားဂုတ်ကို ဝင်ပစ်တဲ့အဖွဲ့က တောင်ညိုစစ်ကြောင်းက ဝင်ပစ်တာ ။ ကုလားဂုတ်ကို စစ်ကူသွားတဲ့ စစ်ကောင်စီ ကား ၃ စီးကို ကော့ချား ကော့ဒွတ်ဘက်မှာ မွန်ပြည်သစ်ပါတီ-AD ဘက်က မီးရှို့လိုက်တယ်။ကျွန်တော်တို့ သိထားတဲ့ သတင်းအချက်အလက်အရ စစ်တပ် ၃ ပွင့် ဗိုလ် ၂ ယောက်ကိုတော့ ဖမ်းဆီးမိတယ်လို့ သိရတယ်။ အဲဒီလောက်ပဲ အခြေအနေသိရတယ်”ဟု မွန် ပြည်နယ်ပြည်သစ်ပါတီ (AD) မှ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယမန်နေ့ တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ ရေတပ်စခန်းကို စီးနင်းတိုက်ခိုက်စဉ် တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဥ်ဖြင့် ၃ ကြိမ်ထက်မနည်း ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article