35 C
Yangon

AA ၏ တိုက်ခိုက်မှုကြောင့် မြန်မာ စစ်တပ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀ ဦး ဘင်္ဂလားဒေ့ရှ်ထဲသို့ လက်နက်များဖြင့် ထွက်ပြေး၊ လက်နက်များဖြုတ်သိမ်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးကို ဘင်္ဂလားဒေ့ရှ်က ထိန်းသိမ်းထား

Must read

AA ၏ တိုက်ခိုက်မှုကြောင့် မြန်မာ စစ်တပ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀ ဦး ဘင်္ဂလားဒေ့ရှ်ထဲသို့ လက်နက်များဖြင့် ထွက်ပြေး၊ လက်နက်များဖြုတ်သိမ်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးကို ဘင်္ဂလားဒေ့ရှ်က ထိန်းသိမ်းထား

ရန်ကုန်၊ မေ ၅

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် AA ၏ တိုက်ခိုက်မှုကြောင့် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀ ဦး ဘင်္ဂလားဒေ့ရှ်ထဲသို့ လက်နက်များဖြင့် ထွက်ပြေးရောက်ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက အတည်ပြု ပြောဆိုသည်။

မေလ ၃ ရက်နေ့ ညပိုင်းနှင့် မေလ ၄ ရက်နေ့ နံနက်ပိုင်း မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးသည် လက်နက်များနှင့်အတူ ဘင်္ဂလားဒေ့ရှ်ထဲသို့ ထွက်ပြေးရောက်ရှိလာကြောင်း၊ ၎င်းတို့၏ လက်နက်များကို ဖြုတ်သိမ်းလိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးကို ဘင်္ဂလားဒေ့ရှ်က ထိန်းသိမ်းထားကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်သို့ ယခုထွက်ပြေးရောက်ရှိလာသော မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးမှာ တတိယအသုတ်ဖြစ်ပြီး ပထမအသုတ်အဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအသုတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၈ ဦးကို ဧပြီလ ၂၅ ရက်နေ့တွင်လည်းကောင်း မြန်မာနိုင်ငံဘက်သို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည် ပို့ဆောင်ခဲ့ ပြီးဖြစ် ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

1 COMMENT

  1. ခွေးမသား ဘာကြောင့်ထွဲပြေးနေသလဲ ယောက်ကျမဟုတ်ဘူးလား ပြေးမလွတ်ပါဘူး ပြနပို့မာ ပြန်သွားခိုက်မာ နောဆုံးသေမာ ပြေးစရာမြေမရှိ ပြည်သူ့ရာသူ

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article