30.5 C
Yangon

ကလေးမြို့နယ်၊ တင်သားကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး ခင်ပွန်းဖြစ်သူ ဒဏ်ရာရ

Must read

ကလေးမြို့နယ်၊ တင်သားကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး ခင်ပွန်းဖြစ်သူ ဒဏ်ရာရ

ရန်ကုန်၊ မေ ၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး ခင်ပွန်းဖြစ်သူ ဒဏ် ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မေလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် ကလေးမြို့နယ်၊ ကြံသာကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ဦးတည်ပစ်ခတ်ခဲ့ရာ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်သည် တင်သားကျေးရွာ၊ အမှတ် ၂ ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လက်နက်ကြီးထိမှန်၍ ဒေါ်ယုယုအေး အသက် ၄၂ နှစ် ပွဲချင်းပြီး သေဆုံးပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးစိန်လွင်မှာ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“စစ်တပ်က တိုက်ပွဲ မရှိဘဲ ကြံသာကျေးရွာမှာ တပ်စွဲပြီးတော့ ပတ်ဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ လိုက်ပစ်နေတာ။ အဲဒါ လင်မယား ၂ ဦးမှာ ဇနီးဖြစ်သူ ဒေါ်ယုယုအေး ထိမှန်သေဆုံးပါတယ်။ ခင်ပွန်းဖြစ်သူကတော့ ဒဏ်ရာရတယ်။ သူတို့လင်မယားမှာ သားတစ်ဦး၊ သမီးတစ်ဦးရှိတယ်။ ကလေးတွေကတော့ဒဏ်ရာ မရဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်များက မကြာခဏ ဆိုသလို စစ်ကြောင်းထိုးခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ ဆက်တိုက် ဆိုသလိုဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article