30 C
Yangon

ဆွမ်ဘရာဘွမ်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာစစ်စခန်းကြီးကို KIA က အပြီး သတ်တိုက် ခိုက်သိမ်းပိုက်

Must read

ဆွမ်ဘရာဘွမ်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာစစ်စခန်းကြီးကို KIA က အပြီး သတ်တိုက် ခိုက်သိမ်းပိုက်

ရန်ကုန်၊ မေ ၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဆွမ်ဘရာဘွမ်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာတပ်စခန်းကြီးကို ယနေ့ နံနက်အစောပိုင်းတွင် KIA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၅ ရက်နေ့ နံနက်အစောပိုင်းတွင် ဆွမ်ဘရာဘွမ်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာတပ်ရင်းစခန်းကြီးကိုသိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး ၂ လအကြာတိုက်ခိုက်ပြီးနောက် ယင်းသို့ သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့ညက တစ်ညလုံး စစ်ကောင်စီတိုက်လေယာဉ်တွေနဲ့ ပစ်ကူပေးတဲ့ကြားကနေ KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တာပါ။ ကျန်ရှိသေးတဲ့ စစ်ခွေးတွေက အကုန်ထွက်ပြေးကုန်ကြပြီ။ အဲဒီဗျူဟာတပ်ရင်းစခန်းမှာ အင်အား ၂၅၀လောက် ရှိတယ်။ ဆွမ်ဘရာဘွမ်မြို့ကိုလည်း ထိန်းချုပ်ထားပြီ။ အခုတော့ ဝိုင်းမော်- ဆမားလမ်းမှာတော့ တိုက်ပွဲ ပြင်းထန်နေပါတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

KIA က မတ်လ ၇ ရက်နေ့မှစတင်ပြီး ကချင်ပြည်နယ်အတွင်းတွင် စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက် သိမ်းနေခြင်းဖြစ်ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article