30 C
Yangon

ငါန်းဇွန်၊ မြေတိုင်းရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၁ ဦးသေဆုံး၊ PDF ရဲဘော်ကို စစ်သားများက ၎င်းတို့လူထင်မှတ်၍ မှားယွင်းခေါ်ခဲ့သဖြင့် အနီးကပ် တိုက်ခိုက်နိုင်ခဲ့

Must read

ငါန်းဇွန်၊ မြေတိုင်းရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၁ ဦးသေဆုံး၊ PDF ရဲဘော်ကို စစ်သားများက ၎င်းတို့လူထင်မှတ်၍ မှားယွင်းခေါ်ခဲ့သဖြင့် အနီးကပ် တိုက်ခိုက်နိုင်ခဲ့

ရန်ကုန်၊ မေ ၅

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြေတိုင်းရွာ၌ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ် သား ၁၁ ဦးသေဆုံးခဲ့ ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM အဖွဲ့မှ ကိုနွေဦး (မြောင်) က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ယမန်နေ့ မေလ ၄ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က ငါန်းဇွန်မြို့နယ်၊ မြေတိုင်းရွာသို့ ရောက်ရှိနေ သော အကြမ်းဖက်စစ်သား ၃၀ ခန့်ကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က ပေ ၂၀ ခန့်အကွာမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ကို့ဘက်ကတော့ ဆိုင်ကယ် ၂စီး က လွဲပြီး ရဲဘော်တွေအထိအခိုက်မရှိခဲ့ပါဘူး။ မြေတိုင်းရွာ အတွင်းပေ ၂၀ ခန့်အကွာ ထိပ်တိုက်တိုးချိန် စစ်ကောင်စီက PDF ရဲဘော်ကိုင်တဲ့ လက်နက်က သူတို့ကိုင်တဲ့လက်နက်ချင်း တူနေတော့ သူတို့လူထင်ပြီး “PDF ရဲဘော် အစိ” ကို ငါ့ကောင် ဒီဘက်လာ ဒီဘက်လာလို့ခေါ်တယ်။ အဲဒါကို PDF ရဲဘော် အစိကနေ ၄၀ မမတစ်လုံးပစ်သွင်း ပြီး လက် နက်ငယ်နဲ့အော်တိုမွှေ့လိုက်တဲ့အချိန် စစ်ခွေး ၇ ကောင်နေရာမှာပဲ ဘဝပြောင်းသွားပါတယ်” ဟု CDSOM မှာ ကိုနွေဦး (မြောင်) က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင်မေလ ၄ ရက်နေ့ နံနက် ၉ နာရီကျော်တွင် မြေတိုင်းရွာ တိုက်ပွဲအတွင်း ငါန်းဇွန်မြို့မှ စစ်ကူလာသည့် ကား ၂ စီး ကို ညောင်လေးပင်တာဘောင်ပေါ်အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို CDSOM ငါန်းဇွန်တပ်ခွဲ NRF နှင့် ငါန်းဇွန်ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း ၊ဧပြီလ အတွင်း အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဒရုန်းပစ္စည်းအချို့နှင့် ကျည်အချို့ ဝယ်ယူ နိုင်ခဲ့ပြီး မေလ ၁ ရက်နေ့တွင် ဆီမီးခုံမြို့ဘက်မှ မြောင်မြို့နယ်အတွင်းဝင်ရောက်လာသော အကြမ်း ဖက်စစ်သားများကို လိုက်လံတိုက်ထုတ်ခဲ့ကြောင်း၊ မေလ ၄ ရက်နေ့တွင် အကြမ်းဖက်စစ်သားများ တပ် ဆုတ်ပြေးသွားပြီး စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article