29 C
Yangon

ရေနံချောင်းမြို့နယ် စီမံကောင်စီအဖွဲ့ဝင် ဗိုလ်မှူး သန်းဌေးပါစစ်ကြောင်းကို မိုင်းဆွဲ တိုက် ခိုက်မှု စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးပြီး ဗိုလ်မှူးသန်းဌေး အပြင်းအထန်ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၈

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် မြို့နယ်စီမံကောင်စီအဖွဲ့ဝင် ဗိုလ်မှူးသန်းဌေးလိုက်ပါလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးပြီး ဗိုလ်မှူးသန်းဌေး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မကွေးခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၅ ရက် နံနက် ၄ နာရီခန့်က ရေနံချောင်းမြို့နယ်၊ မိုးပေါ်ကန်၊ ညောင်ဇောက်ချောင်းလမ်း မှ မ ကျည်းရိုးအုပ်စု၊ မုန်ကန်ကျေးရွာသို့ ရေနံချောင်းမြို့နယ် စီမံကောင်စီအဖွဲ့ဝင် ဗိုလ်မှူးသန်းဌေး ဦး ဆောင်ပြီး အင်အား ၃၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒေသခေါ် ဆင်ကော်ရိုး လမ်းဆုံတွင် မိုင်း ၁ ကြိမ်မိပြီး၊ ယာကြီးပြင် အင်တောလမ်းမှ စစ်ကူ ထပ်ဝင်လာစဉ် အုပ် ရှစ်ကုန်းကျေးရွာအထွက်၌ မိုင်း ၂ လုံး တို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မိုင်းထိပြီးတော့ ဒဏ်ရာအပြင်းအထန်ရတဲ့သူတွေရော၊ သေသွားတဲ့သူတွေရော မကွေးမြို့ကို ချက်ချင်းသယ်သွားတာ။ နောက်ဆက်တွဲသတင်းတော့ မသိရသေးဘူး။ မိုင်းထိပြီးတော့ ပတ်ဝန်း ကျင်ရွာတွေကို ရမ်းသမ်းပစ်ခတ်တာရှိတယ်၊ ရမ်းသမ်းပစ်ခတ်တဲ့လက်နက်ကြီးတစ်လုံးကတော့ မုန်ကန်ကျေးရွာနဲ့ ကပ်နေတဲ့ ကျွဲပုတ်ရွာထိပ်ကို ၆၀ မမလက်နက်ကြီးတစ်လုံးကျတယ်။ ပြည်သူ ထိခိုက်ဒဏ်ရာရမှုတော့ မရှိပါဘူး။” ဟု မကွေးခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ မိုင်းထိမှန်မှုကြောင့် အကြမ်းဖက်စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးခဲ့ပြီး ရေနံချောင်းမြို့နယ် စစ်ကောင်စီ၏ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူး သန်းဌေး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ မကွေးမြို့သို့ ချက်ချင်းသယ်ဆောင်သွားကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် မုန်ကန်ကျေးရွာတွင် ၂ ည၊ အုပ်ရှစ်ကုန်းကျေးရွာတွင် ၂ ည အိပ်ကာ ရေနံချောင်းမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ရေနံချောင်း(ပကဖ)၊ မကွေးခရိုင်အမှတ် ၂ တပ်ရင်း၊ Yenanthar Youth Force (YYF) ၊ ညောင်ဦးခရိုင် အမှတ် ၄ တပ်ရင်းနှင့် မကွေးခရိုင်တိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – တိုက်ခိုက်မှုအတွင်း သေဆုံးသွားသော ပျူစောထီးတစ်ဦး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တိုက်ခိုက်မှုအတွင်း သေဆုံးသွားသော ပျူစောထီးတစ်ဦး။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article