29 C
Yangon

မြိုင်မြို့နယ်၊ ကံသစ်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်၊ ပြည်သူ ၂၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နေအိမ် ၁၃ လုံးနှင့် PDF စခန်းကို မီးရှို့ဖျက်ဆီး

Must read

မြိုင်မြို့နယ်၊ ကံသစ်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်၊ ပြည်သူ ၂၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နေအိမ် ၁၃ လုံးနှင့် PDF စခန်းကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၈

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကံသစ်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ ပြည်သူ ၂၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နေအိမ် ၁၃ လုံးနှင့် PDF စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း နွေဦးတော်လှန်ရေး -မြိုင်မြို့အဖွဲ့မှ ကိုဇူးအီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၈ ရက် နံနက် ၅ နာရီခန့်တွင် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်လာသော အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကံသစ်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ကျေးရွာနေ ပြည်သူ အသက် ၄၀ အရွယ် ဦးနန်းအောင်နှင့် ဦးအောင်ဇော်ဦးတို့ကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ကာ ပြည်သူ ၂၀ ခန့်ကို ဖမ်းဆီးသွားပြီး နေအိမ် ၁၃ လုံးကာ ပြည်သူပိုင် ဆိုင်ကယ် ၈ စီးကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် PDF စခန်းတို့လည်း တပြိုင်တည်းဝင်ရောက်စီးနင်းကာ PDF စခန်းအတွင်းမှ ကား ၂ စီး၊ ခဲယမ်း ကျည်များစွာ နှင့် ငွေသား သိန်း ၈၀၀ ကျော်ကို ယူဆောင်သွားပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။

“PDF စခန်းရော၊ ရွာထဲရော တပြိုင်တည်းဝင်စီးတာ။ PDF စခန်းထဲက ရဲဘော်တွေကတော့ လွတ် သွားတယ်။ ဒါပေမယ့် ခဲယမ်းတွေ ကျည်ဘောက်တွေ၊ စခန်းထဲမှာရှိတဲ့ ငွေသားသိန်း ၈၀၀ ကျော် လောက်ကတော့ ချက်ချင်းဝင်စီးခံရတဲ့အတွက် မယူနိုင်ပဲ မီးရှို့ခံရတဲ့အထဲပါသွားတယ်။ သတ်ခံ ရတဲ့ ပြည်သူ ၂ ယောက် ရွာထဲကို ညှပ်ဝင်တဲ့အခါမှာ သူတို့ပက်ပင်းတိုးသွားတာဗျ။ စစ်ကြောင်းက မနက် ၅ နာရီခွဲလောက်မှာ ဝင်တယ်။ ၁၂ နာရီမှာ ပြန်ထွက်သွားတယ်။ ဖမ်းဆီးခံရတဲ့အယောက် ၂၀ အခြေ အနေ‌တော့မကြားမိသေးဘူး။ စစ်ကြောင်းကတော့ ကန်တော်ရွာ စစ်တပ်အထိုင်ကို ရောက်သွားပြီဗျ။ ကံသစ်ကျေးရွာနဲ့ ၃ မိုင်းခွဲလောက်ဝေးတဲ့နေရာမှာပေါ့။” ဟု နွေဦးတော်လှန်ရေး -မြိုင်မြို့အဖွဲ့မှ ကိုဇူးအီက ပြောဆိုသည်။

ကံသစ်ကျေးရွာမှ ပြန်လည်ထွက်ခွာသွားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ကံသစ်ကျေးရွာနှင့် ကန်တော်ကျေးရွာ အကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ PDF စခန်းမှ ယူဆောင်သွားသည့် ကားနှစ်စီးကို လမ်း၌ ထားခဲ့ပြီး အကြမ်းဖက် စစ်သားများ တပ်စွဲထားသည့် ကန်တော်ကျေးရွာ စခန်းကို ဝင်ရောက်သွားကြောင်း သိရသည်။

“ကံသစ်ဆိုတာကလည်း ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်မှာရှိတာ၊ တိုက်ပွဲမဖြစ်လိုက်ဘူး။ မနက် အစော ကြီး ဝေရီဝေလင်းမှာ ဝင်စီးခံရတာ။ ကင်းတွေလည်းချတာကတော့ ချထားတယ်၊ မနေ့ည ကတည်း က သတင်းရတော့ နည်းနည်းရှောင်ထားကြတယ်။ အဲဒီရွာတွေကလည်း အဝင်မခံရတာနဲ့ ပြီးတော့ လာနိုင်ဖို့က နည်းတယ်၊ ဒါပေမယ့် အခုကျတော့ ချက်ချင်းရောက်ချလာခဲ့တာ။” ဟု နွေဦးတော်လှန် ရေး -မြိုင်မြို့အဖွဲ့မှ ကိုဇူးအီက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article