31 C
Yangon

Khit Thit သတင်းဌာန၏ မေ ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကောင်စီက အသက် ၂၃ နှစ်ကနေ အသက် ၃၂ နှစ်အထိ အမျိုးသားတွေအားလုံးကို ပြည်ပထွက် အလုပ်လုပ်ခွင့် အပြီးပိတ်ပင်လိုက်ပြီး ၊ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနသတင်းရင်းမြစ်ကပြောထားသလို ၊ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကပါ ရန်ကုန်ခေတ်သစ်ကို ပြောထားပါတယ်။
  • တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ပဲဒက် စစ်တပ်စခန်းကို KNLA – PDf ပူးပေါင်းတပ်တွေက ဒီကနေ့မနက်ပိုင်းကပဲ အပြီးသတ် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်သား အယောက် ၂၀ ကို အရှင်ဖမ်းမိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က မလည်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အထိုင်စခန်းကို တော်လှန်ရေးတပ်ပေါင်းစုတွေက ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က တော်တော်အထိနာ နေတဲ့အတွက် လက်နက်ကြီးပစ်ကူတွေ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် ကျေးရွာ ၁၀ ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article