29 C
Yangon

မင်းကွန်းဒေသရှိ စစ်ကောင်စီ တပ်သားများရှိရာ နေရာ ၃ ခုကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

မင်းကွန်းဒေသရှိ စစ်ကောင်စီ တပ်သားများရှိရာ နေရာ ၃ ခုကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ မေ ၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများရှိရာ နေရာ ၃ ခုကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တွင် မင်းကွန်း ဒေသ ကင်းရွာ သင်္ဘောကျင်း၌ ကင်းပုန်းဝပ်နေသော စစ်သားများ၊ ကင်းကျေးရွာအတွင်း ဝင်ရောက်မွှေနှောက်နေသော စစ်သားများနှင့် မင်းကွန်း ရဲစခန်း အပေါက်၌ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရှိရာနေရာကို ဒရုန်းဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ဗုံးသီ ၆ လုံးကျဲချ တိုက်ခိုက်နိုင်ခဲ့တယ်။ စစ်ခွေးတွေ ထိခိုက်မှု ရှိနိုင်ပါတယ်။ အတည် မပြုနိုင်သေးဘူး” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ၊ Phoenix SGg၊ Royal Falcon Guerrilla Force အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်း မင်းကွန်းဒေသအတွင်း နယ်မြေခံရဲများသာမက ပျူစောထီးများ ပါ ထပ်မံ အင်အား ဖြည့်ထားပြီး ကျေးရွာများကို ဝင်ရောက် စီးနင်းနေသောကြောင့် ဒေသနေ ပြည်သူများ သတိထား သွားလာကြရန် ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article