35 C
Yangon

သရက်ချောင်း၊ ကနက်သီရိရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး ၂ ဦး သေဆုံးပြီး ပြည်သူများထိခိုက်ဒဏ်ရာရ

Must read

သရက်ချောင်း၊ ကနက်သီရိရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး ၂ ဦး သေဆုံးပြီး ပြည်သူများထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ မေ ၉

တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကနက်သီရိရွာနှင့် အနီးအနားကျေးရွာများကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေး ၂ ဦး သေဆုံးကာ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၈ ရက်နေ့ ညနေ ၅ နာရီအချိန် အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ်များက ကနက်သီရိကျေးရွာလယ်ကွင်းစပ်မှစ၍ စက်သေနတ်များဖြင့် ပစ်ခတ်လာခဲ့ပြီး ကျေးရွာစာသင်ကျောင်းအနီးအရောက်တွင် ဗုံးများကျဲချခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

စစ်ကောင်စီ၏ တိုက်လေယာဉ်က ဗုံးများ ကျဲချသည့်အတွက် စာသင်ကျောင်းနားရှိ ဘောလုံးကွင်းတွင် ကစားနေသော ကနက်သီရိကျေးရွာမှ အသက် ၁၆ နှစ်အရွယ် မောင်ပိုင်စိုးသူ နှင့် မောင်ဟိန်းပြည့်ဖြိုးတို့ ၂ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ပြည်သူများလည်း ရှိကြောင်း Democracy Movement Strike Committee-Dawei မှ တာဝန်ရှိသူက ပြောကြားသည်။

“ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ ဟုတ်ပါတယ်။ တိုက်ပွဲလည်း မရှိသလို တော်လှန်ရေးတပ်တွေ အဲဒီနားလှုပ်ရှားတာမျိုးလည်း မရှိပါဘူးဗျ” ဟု Democracy Movement Strike Committee-Dawei အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်က ကနက်သီရိကျေးရွာနားရှိ ရငဲရွာကိုလည်း လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် ရငဲကျေးရွာတိုက်နယ် ဆေးရုံကို ထိမှန်ပျက်စီးခဲ့ရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article