35 C
Yangon

တနင်္သာရီနှင့်ဘုတ်ပြင်း မြို့နယ်အစပ်ရှိ ပွိုင့် ၁၀၂၀ စခန်းကုန်းကို သိမ်းပိုက်နိုင်ရေး တော်လှန်ရေးတပ်များ တိုက်ခိုက်နေ၊ စစ်ကူလာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သားများသေဆုံးပြီး လက်နက်ခဲယမ်းများရရှိ

Must read

တနင်္သာရီနှင့်ဘုတ်ပြင်း မြို့နယ်အစပ်ရှိ ပွိုင့် ၁၀၂၀ စခန်းကုန်းကို သိမ်းပိုက်နိုင်ရေး တော်လှန်ရေးတပ်များ တိုက်ခိုက်နေ၊ စစ်ကူလာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သားများသေဆုံးပြီး လက်နက်ခဲယမ်းများရရှိ

ရန်ကုန်၊ မေ ၉

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်အစပ်ရှိ ပွိုင့် ၁၀၂၀ စစ်တပ်စခန်းကုန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ရေး တိုက်ခိုက်လျက်ရှိပြီး စစ်ကူ ပေးရန်လာရောက်သည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းအကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားသေဆုံးခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Black Cobra Column ထံမှ သိရသည်။

ဧပြီလ ၃၀ ရက်နေ့မှစတင်၍ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော ပွိုင့် ၁၀၂၀ တောင်ကုန်းကို KNLA တပ်မဟာ ၄ ၊ အမှတ် ၁၁ တပ်ရင်းလက်အောက်ခံ Black Cobra ပူးပေါင်းစစ်ကြောင်းက ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ ယင်းတောင်ကုန်းအား စစ်ကူ ပေးရန်လာရောက်သည့် အကြမ်းဖက်စစ်သား၊ ပျူစောထီးပူးပေါင်းအဖွဲ့ကို မေလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ လိုက်လံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ လိုက်လံတိုက်ခိုက်မှုကြောင့် စစ်ကူလာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ တပ်ပျက် ကာ ကစင့်ကလျား ထွက် ပြေးသွား ခြင်းဖြစ်ပြီး စစ်ကောင်စီအရာရှိများ အပါအဝင် အများအပြား ပျောက်ဆုံး လျက်ရှိကြောင်း၊ ဒဏ်ရာရ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁ဝ ဦးကျော်ကိုလည်း မင်းကြီးကြိုက် အမည်တပ်ထားသော ခရီးသည်တင် လှေဖြင့် တောင်ငယ်ကျေး ရွာမှတဆင့် စစ်တပ်က ဘုတ်ပြင်းမြို့သို့ ပို့ဆောင်လိုက်ကြောင်း သိရ သည်။

ဧပြီလ ၃၀ ရက်နေ့မှ စတင်၍ မေလ ၆ ရက်နေ့အထိ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သားများ၏ အလောင်း များနှင့်အတူ လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ပြီး လတ်တလော တွင် သတင်းထုတ်ပြန်ရန် မသင့်တော်သေးကြောင်း သိရှိရသည်။

အထိနာသွားသော အကြမ်းဖက်စစ်ကောင်စီက မြိတ် အခြေစိုက် လေတပ်စခန်းမှ K8W ဂျက်လေယာဉ် နှင့် Mi 2 ရဟတ်ယာဉ် များအသုံးပြု၍ စစ်ရေးပစ်မှတ်မဟုတ်သော အေးသာယာ ကျေးရွာ၊ ရွာသာယာကျေးရွာ နှင့် မနိုးရုံးကျေးရွာများ အတွင်းသို့ မေလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာနေပြည်သူ အမြောက်အများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article