37 C
Yangon

နတ်မောက်မြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော ၅ ရွာစား အုပ်ချုပ်ရေးမှူး ပေါ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

နတ်မောက်မြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော ၅ ရွာစား အုပ်ချုပ်ရေးမှူး ပေါ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မေ ၉

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော ၅ ရွာစား အုပ်ချုပ်ရေးမှူး ပေါ်ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း နတ်မောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၈ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အုပ်ဖိုကျေးရွာတွင် နေထိုင်သော ၅ ရွာစား အုပ်ချုပ်ရေးမှူး ပေါ်ဦး (ခေါ်) စိန်တစ်လုံး ကို ၎င်းနေအိမ်၌ပင် နတ်မောက်ကျားတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ ဦးခေါင်းကို ကျည် ၂ ချက် ထိမှန်ပြီး ဆေးရုံပို့ရာလမ်းတွင် သေဆုံးသွားကြောင်း သိရသည်။

“သူက စစ်ကောင်စီကို ထောက်ခံနေတဲ့သူတစ်ယောက်ဖြစ်ပြီး အခုချိန်ထိ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးခေါင်းဆောင်တစ်ယောက်လည်း ဖြစ်သလို အခု စစ်ကောင်စီရဲ့ တပ်သားသစ် စုဆောင်းရေးမှာလည်းပါဝင်ပြီး ပြည်သူတွေကို ခြိမ်းခြောက် ဒုက္ခအမျိုးမျိုး ပေးနေလို့ ပစ်ခတ်ရှင်းလင်းရတာပါ” ဟု နတ်မောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နတ်မောက်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ မည်သူကို မဆို ၊ မည်သည့် အဖွဲ့အစည်းကို မဆို ပြတ်ပြတ်သားသား တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း နတ်မောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article