37 C
Yangon

သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာ စစ်စခန်းနှင့် ကျောက်ဆည်ရွာ ပျူစောထီး စခန်းကို သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ၂၆ ဦး အရှင် ဖမ်းမိကာ လက်နက်မျိုးစုံ ၃၀ ကျော် သိမ်းဆည်းရရှိ၊ တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံး

Must read

သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာ စစ်စခန်းနှင့် ကျောက်ဆည်ရွာ ပျူစောထီး စခန်းကို သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ၂၆ ဦး အရှင် ဖမ်းမိကာ လက်နက်မျိုးစုံ ၃၀ ကျော် သိမ်းဆည်းရရှိ၊ တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံး

ရန်ကုန်၊ မေ ၉

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ပဲဒက်ကျေးရွာ စစ်တပ် စခန်းနှင့် ကျောက်ဆည်ကျေးရွာရှိ ပျူစောထီး စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၈ ဦးသေဆုံးပြီး ၂၆ ဦး အရှင်ဖမ်းမိကာ လက်နက်မျိုးစုံ အလက် ၃၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းထံမှ သိရ သည်။

မေလ ၅ ရက်နေ့မှစတင်၍ သရက်ချောင်းမြို့နယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ပဲဒက် ကျေးရွာ စစ်ကောင်စီတပ်စခန်းနှင့် ကျောက်ဆည်ကျေးရွာအတွင်းရှိ ပျူစောထီးစခန်းတို့ကို တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မေလ ၈ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အထိ ၄ ရက်ကြာ အပြင်းအထန်တိုက်ခိုက်ခဲ့ကာ ပဲဒက်စခန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရ သည်။

ထိုသို့ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ချိန်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိနာ ခဲ့ပြီး ရေတပ်မှ လက်နက်ကြီးပစ်ကူ ၁၃ ကြိမ်၊ ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် လေကြောင်း ပစ်ကူအကြိမ် ၂ဝ ခန့် ပြုလုပ်ကာ ဗုံးသီး အလုံး ၁၀၀ ခန့် ကျဲချကြောင်း၊ ကြည်း/ရေ/လေတပ်များ ပူးပေါင်းခုခံခဲ့သည့်ကြားမှ စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၈ ဦး သေဆုံးကာ ၂၆ ဦး အရှင်ဖမ်းဆီးရရှိခဲ့ပြီး အကြမ်း ဖက်စစ်သားများ အသုံးပြုသည့် လက်နက်မျိုးစုံ အလက် ၃ဝ နှင့် ခဲယမ်းမီးကျောက်များ၊ စစ်သုံး ဆက်စပ် ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး တိုင်းပြည်နှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ်အတွက်အသက်ပေးလှူခဲ့ရကြောင်း၊ ထို့အပြင် ရဲဘော် ၆ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း၊ Saw Dragon ဒရုန်းတပ်ဖွဲ့၊ ဒေါန ဒရုန်းတပ်ဖွဲ့၊ YAF ဒရုန်းတပ်ဖွဲ့၊ မဟာမိတ် ပူးပေါင်းအဖွဲ့များဖြစ်သော KNLA တပ်မဟာ ၆ တပ် ရင်း ၂၇ ၊ တပ်မဟာ ၄ တပ်ရင်း ၁၂ ၊ ဖယ်ဒရယ်စစ်ကြောင်း၊ ဒေါင်းညီနောင်စစ်ကြောင်းနှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် စစ်ကောင်စီဘက်မှ ၎င်းတို့ စွန့်လွှတ်လိုက်ရသော ပဲဒက်စခန်းအား ပြန်လည်ရရှိ ရေး အတွက် ကြည်း/ရေ/လေတပ်ရှိ ရှိသမျှအင်အားဖြင့် နည်းပေါင်းစုံသုံးကာ ကြိုးစားနေပြီး ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်သားများကလည်း နယ်မြေစိုးမိုးရေး၊ ပြည်သူ့ကာကွယ်ရေး လုပ်ငန်းစဉ် များ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း အသိပေးထားသည်။

ထို့ပြင် ထားဝယ်ခရိုင်အပါအဝင် တနင်္သာရီတိုင်းအတွင်းရှိ စခန်းသိမ်းတိုက်ပွဲများ ဆက်တိုက် ဖော် ဆောင်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန်နှင့် လေကြောင်းရန်ကာကွယ်ရေး လုပ်ငန်းစဉ်များ လုံခြုံထိရောက်စွာ ကြိုတင်လုပ်ဆောင်ထားကြပါရန် တိုက်တွန်းထုတ်ပြန်ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article