37 C
Yangon

သံတွဲမြို့နယ်၊ လင်းသီကျေးရွာ အနီးတွင် AA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်နေ

Must read

သံတွဲမြို့နယ်၊ လင်းသီကျေးရွာ အနီးတွင် AA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်နေ

ရန်ကုန်၊ မေ ၉

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် လင်းသီကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် AA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၉ ရက်နေ့ ညနေ ၄ နာရီခန့်မှစ၍ သံတွဲမြို့နယ် လင်းသီကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲ စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး ရွှေလှေတံတား အနီး နေရာယူထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် AA တို့ လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း သိရသည်။

“စစ်တပ်က ရွှေလှေတံတား ဒီဘက် ရွာထဲမှာ တစ်ဖွဲ့ တံတားဟိုဘက်မှာ တစ်ဖွဲ့ရှိတယ်။ စစ်တပ်က တံတား ဟိုဖက်က အဖွဲ့နဲ့ AA နဲ့ အပြန်အလှန်ပစ်တာ။ လက်နက်ကြီးကျည်ကတော့ လင်းသီရွာလယ်ပေါ့ အဲဒီဘက်ကိုကျတာ ဘယ်ဘက်က ပစ်တဲ့လက်နက်ကြီးလည်းတော့ အတည်ပြုလို့မရသေးဘူး။ လှမ်းပစ်နေကြတဲ့သဘောပေါ့”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

လင်းသီရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး မည်သည့်ဘက်က ပစ်ခတ်သည့် လက်နက်ကြီး ဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း၊ လက်ရှိတွင် ပြည်သူများ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article