28 C
Yangon

ဘုရားသုံးဆူတွင် စစ်တပ်လက်အောက်ခံ BGF နှင့် KNLA တပ်ဖွဲ့ဝင်တချို့အကြား တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ ၁၀၀ ခန့် ထိုင်းဘက် ထွက်ပြေးရ

Must read

ဘုရားသုံးဆူတွင် စစ်တပ်လက်အောက်ခံ BGF နှင့် KNLA တပ်ဖွဲ့ဝင်တချို့အကြား တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ ၁၀၀ ခန့် ထိုင်းဘက် ထွက်ပြေးရ

ရန်ကုန်၊ မေ ၁၀

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့ စစ်ကောင်စီလက်အောက်ခံ BGF တပ်သားတချို့နှင့် KNLA တပ်သားတချို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူ ၁၀၀ ခန့် ထိုင်းဘက်သို့ ထွက်ပြေးရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်ပြီး ဘုရားသုံးဆူမြို့နယ်တွင် ဗုံးပေါက်ကွဲသံများ ၊ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံများထွက်ပေါ်ခဲ့ကြောင်း ၊ BGF တပ်ဖွဲ့ဝင်တချို့နှင့် KNLA တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုဖြစ်ပွားဖြစ်ကြောင်း သိရှိရသည်။

“မြို့ထဲမှာပဲ ပစ်ခတ်မှုဖြစ်တယ်။ အိမ်တစ်လုံးမီးလောင်ပြီးတော့ ပစ်ခတ်တာတွေ ဆက်တိုက်ပဲ။ ၁ နာရီလောက်ရှိမယ်။ လူအသွားအလာတော့ မရှိတော့လောက်အောင် ရပ်သွားတယ်။ ထိုင်းဘက်ပြေးတဲ့သူလည်းရှိပေမယ့် အများစုကတော့ အခြေအနေကို စောင့်ကြည့်ကြတယ်။ အခုညပိုင်းတော့ ငြိမ်နေတယ်။ BGF နဲ့ KNU ပစ်ကြတာလို့ ပြောတယ်။ ဘာဖြစ်လို့လဲတော့မသိရဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဘုရားသုံးဆူမြို့တွင်း ပစ်ခတ်မှုကြောင့် ပြည်သူ ၁၀၀ ခန့် ထိုင်းဘက်သို့ ထွက်ပြေးမှုရှိပြီး ပစ်ခတ်မှု ငြိမ်သွားချိန်တွင် ပြည်သူ ၆၀ ခန့် မြန်မာဘက်အခြမ်းသို့ ပြန်သွားကြောင်း သိရှိရသည်။

ဘုရားသုံးဆူမြို့တွင် ကရင်၊ မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင် စစ်တပ်နှင့် BGF တို့ကလည်း လှုပ်ရှားသွားလာနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article