မုံရွာမြို့နယ်တွင် လေယာဉ်ဆီ ဖြတ်တောက်ရေးလူထုလှုပ်ရှားမှုနှင့် နွေဦးရုပ်ရှင်ပြပွဲပြုလုပ်
ရန်ကုန်၊ မေ ၁၀
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဦးဆောင်၍ လေယာဉ်ဆီ ဖြတ်တောက်ရေးလှုပ်ရှားမှု လူထုသပိတ်စစ်ကြောင်းချီတက်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါသပိတ်စစ်ကြောင်းတွင် ဒေသပြည်သူများအတူပူးပေါင်းပါဝင်ခဲ့ကြပြီး သပိတ်စစ်ကြောင်းချီတက်အပြီးတွင် နွေဦး ရုပ်ရှင်များကိုလည်း ဆက်လက်ပြသခဲ့ကြကာ ဒေသလူငယ်များက နွေဦးအကအလှများနှင့် ဖျော်ဖြေခဲ့ကြကြောင်းသိရသည်။
![](https://yktnews.com/wp-content/uploads/2024/05/441229802_803018915259050_3062308913605528339_n.jpg)
![](https://yktnews.com/wp-content/uploads/2024/05/440939614_803018988592376_7339499960597323361_n.jpg)
![](https://yktnews.com/wp-content/uploads/2024/05/436108509_803019055259036_5329649118930347194_n.jpg)
![](https://yktnews.com/wp-content/uploads/2024/05/440958104_803019095259032_8623226542668859312_n.jpg)