26 C
Yangon

မြ၀တီမြို့ BGF ဂိတ်တွင်ပေါက်ကွဲမှုဖြစ်ပြီး BGF တပ်ဖွဲ့ဝင်တချို့နှင့် ပြည်သူ ၁ ဦး သေဆုံး၊ ပေါက်ကွဲမှုသတင်း အမှောင်ချထား

Must read

မြ၀တီမြို့ BGF ဂိတ်တွင်ပေါက်ကွဲမှုဖြစ်ပြီး BGF တပ်ဖွဲ့ဝင်တချို့နှင့် ပြည်သူ ၁ ဦး သေဆုံး၊ ပေါက်ကွဲမှုသတင်း အမှောင်ချထား

ရန်ကုန်၊ မေ ၁၁၁

ကရင်ပြည်နယ်၊ မြ၀တီမြို့ BGF ဂိတ်တွင်ပေါက်ကွဲမှုဖြစ်ပြီး BGF တပ်ဖွဲ့ဝင်တချို့နှင့် ပြည်သူ ၁ ဦး သေဆုံးကာ အဆိုပါ ပေါက် ကွဲမှုသတင်း BGF က မပေါက်ကြားစေရန် သတင်းအမှောင်ချထားကြောင်း မြ၀တီမြို့မှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၉ ရက်နေ့ ညနေပိုင်းတွင် မြဝတီမြို့ ၁ ဂိတ် နှင့် သုည ဂိတ်အကြားရှိ BGF ဂိတ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး BGF တပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

” ဖြစ်တာက ၁ ဂိတ်နဲ့ သုည ဂိတ်အကြားက BGFဂိတ်မှာဖြစ်တာ။ BGF က သတင်းဖုံးထားတယ်၊ ဗုံးပေါက်တော့ ဂတ်စ်အိုးပေါက်တာထင်တာ ပြီးမှ ဂိတ်ဘက်လှမ်းကြည့်တော့ အငွေ့တွေထွက်တယ်။ ဆိုင်အပေါ်ထပ်က တက်ကြည့်တော့ ထိမှန်တဲ့သူတွေကို ကားပေါ်တင်သွားတာ တွေ့လိုက်တယ်။ ထပ်သိလိုက်ရတာက BGF နဲ့ အဆက်အသွယ်ရှိသူ တစ်ယောက်ပြောတာတော့ BGF ရဲဘော် ၃ ဦးနဲ့ အရပ်သား ၁ ဦး သေသွားတယ် ” ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူက ပြောဆိုသည်။

နောက်ဆုံး ရရှိထားသော သတင်းအရ အဆိုပါ ဗုံးပေါက်ကွဲမှုမှာ BGF အဖွဲ့ဝင်တစ်ဦးက မူးယစ်ဆေးကြောင်ပြီး ၎င်း၏ ကိုင်ဆောင်ထားသောလက်ပစ်ဗုံးကို ဖြုတ်လိုက်ရာမှ ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- BGF ခေါင်းဆောင် စောချစ်သူနှင့် တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article